ငါးကြီးဆီနှင့် အဆီများသော အစားအသောက်


အဆီများသော အစား အသောက်များကို စားသုံးခြင်း ကြောင့် ကျန်းမာရေးဆိုးကျိုးများစွာ ထိခိုက်ပျက်စီးမှုဖြစ်ပွားကြသည်။ ထိုကဲ့သို့ ဆိုးရွားသည့် နောက်ဆက်တွဲ ပြဿနာများ၊ ရောဂါများ (ဥပမာ ဆီးချိုရောဂါ) များဖြစ်ပွားခြင်းကို ကာကွယ်နိုင်သည့်စွမ်းရည်မှာ ငါးကြီး ဆီဖြည့်စွက် စားသုံးခြင်းပင်ဖြစ် ကြောင်း လေ့လာမှုတစ်ခုမှ ဆိုလိုက် ပါသည်။

အဆိုပါတွေ့ရှိချက်ကို The Journal of Physiology မှ ထည့်သွင်း ဖော်ပြထားပါသည်။ ငါးကြီးဆီစားသုံးခြင်း၏ အကျိုး ကျေးဇူးများမှာ ကိုယ်အလေးချိန် လျော့ကျစေခြင်း၊ မျိုးအောင်နိုင်စွမ်း မြင့်တင်စေခြင်း၊ အသားအရေ ကောင်းမွန်စေနိုင်ခြင်းနှင့် အားအင် ပြည့်ဖြိုး လာစေခြင်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသုတေသနကို ဘရာဇီး နိုင်ငံ ဆာပေါ်လိုတက္ကသိုလ်မှ သုတေသနအဖွဲ့မှ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။ သုတေသနတွင် အဆီများ သော စားသောက်မှုမျိုးအား သွေး ကကြွက်များတွင် ဇီဝကမ္မဆိုးကျိုး ဖြစ်စဉ်များအား ငါးကြီးဆီစားသုံး ခြင်းဖြင့် ရပ်တန့်သွားစေနိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal
ငါးကြီးဆီနှင့် အဆီများသော အစားအသောက် ငါးကြီးဆီနှင့် အဆီများသော အစားအသောက် Reviewed by Myanmar channel on 2月 20, 2020 Rating: 5

沒有留言:

技術提供:Blogger.