အမြင်အာရုံခံလွှာ retina မှာ မပြည့်ဝသော် ပေါ်လီ ဖက်တီးအက်ဆစ် (LCw3 PUFAs) ကြွယ်ဝစွာပါဝင်ပါတယ်။ သုတေသန ပြုလုပ်ခဲ့တဲ့နမူနာ မော်ဒယ်တွေမှာ (LCw3 PUFAs) ကြွယ်ဝစွာ ပါဝင် တဲ့ ဖြည့်စွက်စာတွေပေးတဲ့အခါ DR ဖြစ်ပွားခြင်းက ကာကွယ်ပေးတာ တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့ ကုသမှုအချက်အလက်တွေတော့ မရှိ သေးပါဘူး။ သုတေသီတွေက မြေထဲ ပင်လယ် စားသောက်မှုပုံစံတွေမှာ သံလွင်ဆီနဲ့ အခွံမာသီး ပိုပိုသာသာ ပါတဲ့ အစားအစာနဲ့ ကနဦးနှလုံးသွေး ကြော ရောဂါကာကွယ်ပေးမယ့် အစားအစာ စားသောက်ခြင်းရဲ့ ရလဒ်တွေကို နှိုင်းယှဉ်ခဲ့ပါတယ်။ သုတေသနကို စပိန်မှာရှိတဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေမှာ လုပ်ဆောင်ခဲ့ပါတယ်။
အသက် ၅၅ နှစ်မှ ၈၀ နှစ် ကြား သုတေသနလုပ်ခဲ့ပါတယ်။ ပါဝင်သူ ၃၄၈၂ ဦးရဲ့ အချက်အလက် တွေကို အတိအကျရခဲ့ပါတယ်။ နှလုံး သွေးကြောရောဂါ ကာကွယ်နိုင်ရေး အတွက် သတ်မှတ်ထားတဲ့ ဖြည့်စွက် စာလိုအပ်ချက်LCw3 PUFA တစ်ရက်ကို 500mg ရမရ စစ်ဆေးခဲ့ ပါတယ်။ ရလဒ်တွေအရ ၇၅% က မျှော်မှန်းထားချက်အတိုင်း ပြည့်မှီခဲ့ ပါတယ်။ ၆ နှစ်ကြာပြီးတဲ့နောက် ပြန်လည်စစ်ဆေးတဲ့အခါ ပါဝင်သူ များထဲက ၆၉ ဦးသာ DR ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ အသက် အရွယ်၊ ပါဝင်သောအုပ်စု၊ ဘ၀နေ ထိုင်မှုပုံစံ၊ ကျန်းမာရေးအခြေအနေ တွေကို ချိန်ညှိပြီးတဲ့အခါ LCw3 PUFA ကို စံနှုန်းအတိုင်း ပြည့်မှီ အောင် သောက်တဲ့သူတွေက အခြား သူတွေထက် DR ဖြစ်နိုင်ခြေ ၄၈% ပိုနည်းတာ တွေ့ရပါတယ်။ ဒါ့ကြောင့် သုတေသီတွေက အိုဗီဂါ ၃ ဖက်တီ အက်ဆစ် ကြွယ်ဝတဲ့ အစားအစာက အမျိုးအစား (၂) ဆီးချိုသွေးချိုဝေဒနာ ရှင်တွေမှာ DR ကြောင့် အမြင်အာရုံ ဆုံးရှုံးမှုကို လျော့ကျစေတယ်လိုဲ့JAMA Opthalmology ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ပါတယ်။
ဖိုးသောကြာ
Health Updates Journal
https://www.facebook.com/pg/HealthUpdatesJournal
အိုမီဂါ- ၃ ကြွယ်ဝအစားအစာများနှင့် ဆီးချိုသွေးချိုကြောင့်ဖြစ်ပွားသော မျက်စိရောဂါ
Reviewed by Myanmar channel
on
2月 20, 2020
Rating:
沒有留言: