-ဆေးအသုံး
-ထိရောက်စေရန်
(Unicode)
ကျားမုတ်ဆိတ် တောဖရုံဟုလည်း အချို့ခေါ်၏။
“̏(၆)လလောက်တော့ နေခွင့်ရမယ်ထင်တယ်ဗျာ” “ဆရာဝန်က ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတက်နေသော ဖခင်ကြီး၏ အခြေအနေအား သမီးဒေါ်နုကိုပြောသော စကားသာဖြစ်သည်။ ဒေါ်နုကြိတ်ခါ ငိုရသည်။ အဖေတစ်ခု သမီးတစ်ခုဘ၀ မဟုတ်ပါလား။ ဒေါ်နုရုံးတွင် စကားစပ်မိရင်း ကျောက်ကပ် တကယ်ပျောက်တာ လက်တွေ့ပါဗျာဆိုကာ ကျားမုတ်ဆိတ်ပင်ကိုပါ ရှာပေးခဲ့လေသည်။
-ဆေးအသုံး
အပင်၏ပဉ္စ(၅)ပါးအား ရေစင်အောင်ဆေးပြီး (၃)ခွက်(၁)ခွက်တင်သောက်ပေးခြင်းဖြစ်သည်။
ဒေါ်နုသည် ဖခင်အား (၁၀)ရက်တွင် (၅)ကြိမ်လောက်သာ စနစ်တကျ ဆေးပင်ကိုကျို၍ တိုက်ကျွေးပါသည်။ ဒေါ်နု၏ဖခင်မှာ သိသိသာသာ ကျန်းမာရေးအခြအနေ တိုးတက် ကောင်းမွန်လာပါသည်။
(၆)လသာ ခံတော့မည်ဆိုသော ဒေါ်နု၏ဖခင်မှာ လူလောကတွင် နောက်ထပ်သက်တမ်းစေ့(၁၆)နှစ်နေ ထိုင်သွားနိုင်သည်ဟု ပြောပြပါသည်။ (၆)လမျှသာ လူလောကတွင် အသက်ရှင်နေထိုင်ရတော့မည့် ရောဂါအား မြန်မာပြည်မြေပေါ်တွင်ပေါက်သော ကျားမုတ်ဆိတ်ဆေးပင်ဖြင့် ပျောက်ကင်းစေနိုင်ခဲ့ခြင်းဖြစ်လေသည်။ အံသြဖွယ်မဟုတ်ပါလား။ လယ်ကွင်းများတွင် ကျားမုတ်ဆိတ်ပင် ပေါက်ရောက်တတ်ပါသည်။ ဘေးထွက်ဆိုးကျိုးများမရှိပါ။
-ထိရောက်စေရန်
(၁) ကျားမုတ်ဆိတ်ပင်အား မြေအိုးတွင် ထင်းမီးဖြင့်ပြုတ်ပြီး တက်လာသော အမြှုပ်အား စိတ်ရှည်စွာခပ်ယူထားရသည်။ တက်လာတိုင်း ခပ်ယူရပါသည်။
(၂) ထိုအမြှုပ်များကို သန့်ရှင်းသော သံဒယ်လေးတွင် ခြောက်ခန်းအောင် ချက်ပေးပြီး ဆားချက်၍ နေ့စဉ် မန်းကျည်းစေ့တစ်စေ့စာကို စားပေးပါ။ ကျောက်ကပ်ရောဂါနှင့် ဆီးကျောက်တည်သည့်ရောဂါ အသေအချာ ပျောက်ပါကြောင်း။
(၃) လေးဖက်နာဝေဒနာရှင်အတွက် ငါးခူးနှင့် အားပါးတရချက်စားက သက်သာပျောက်ကင်း သည်ဟုလည်း ဓာတ်စာပေးပါသည်။ မဟာမြိုင်တောမှ ရသေ့ရှင် ပညာဒီပ မိန့်ဖူး ဖြစ်ပါသည်။
လိုသူယူသုံး စေတနာအပြုံးဖြင့်
Credit-ရဲမျိုးသူ(ဗောဓိမြိုင်)
ဆီးကျောက်တည်၊ ကျောက်ကပ်ရောဂါ၊ လေးဖက်နာဝေဒနာရှင်များ အတွက် ကျားမုတ်ဆိတ် အံ့ဖွယ်အစွမ်း။
Reviewed by Myanmar channel
on
1月 17, 2020
Rating:
沒有留言: