အန္ဆုံးေပါက္ျခင္းေၾကာင့္နာက်င္ျခင္းကိုသက္သာေစမယ့္နည္းလမ္းမ်ာ


လူတိုင္းဟာ အန္ဆုံးေပါက္ျခင္းေၾကာင့္နာက်င္ျခင္းကို ခံစားဖူးၾကပါတယ္။အံဆုံးဆိုတာ တတိယေျမာက္ အံသြားကိုေခၚဆိုျခ င္းျဖစ္ၿပီး အသက္၁၈ကေန၂၅ႏွစ္အတြင္း ရင့္က်က္တည္ၿငိမ္ေသာအ႐ြယ္မွာ ေပါက္တဲ့သြားမို႔ ပညာရွိသြား(wisdom tooth)လို႔လဲတင္စားၾကပါေသးတယ္။အံဆုံးေပါက္လို႔နာက်င္ျခင္းကိုေလာေလာလတ္လတ္ခံစားေနရသူမ်ားအတြက္ ေအာက္ေဖာ္ျပပါ နည္းလမ္းေကာင္းေလးေတြက ကူညီေပးမွာ ျဖစ္လို႔ဆက္လက္ဖတ္ရႈုၾကည့္ပါေနာ္။

(၁)ဆားျပဳတ္ရည္

ဆားဆိုတာ သဘာဝပိုးသတ္အာနိသင္ရွိေသာ ေဆးတစ္လက္ျဖစ္ပါတယ္။ဆားကို ေရၾကက္သီးေႏြးမွာခပ္ထည့္ၿပီး ထိုအရည္ျဖင့္ ပလုတ္က်င္းေပးပါ။သြားကိုက္ျခင္းနဲ႔လည္ပင္းနာျခင္းမ်ားကိုလ်င္ျမန္စြာသက္သာေစပါလိမ့္မယ္။ပလုတ္က်င္းရာမွာလဲ မိနစ္အနည္းငယ္ၾကာေအာင္က်င္းဖို႔လိုၿပီး တစ္ေန႔ကို ၄ႀကိမ္ခန႔္ျပဳလုပ္ႏိုင္ပါတယ္။လြယ္ကူၿပီး အက်ိဴးရွိေသာနည္းတစ္လက္ျဖစ္ပါတယ္။

(၂)မုန႔္ဖုတ္ဆိုဒါအႏွစ္

အံဆုံးေပါက္ျခင္းေၾကာင့္ ေရာင္ယမ္းျခင္းကို သက္သာေစပါတယ္။မုန႔္ဖုတ္ဆိုဒါကို သင္သုံးေနက်သြားတိုက္ေဆးနဲ႔ေရာၿပီး ပုံမွန္အတိုင္း သြားတိုက္ပါ။အထူးသျဖင့္ အံဆုံးေနရာသို႔ ဖိတိုက္ေပးပါ။နာက်င္ျခင္းကိုမိနစ္အနည္းငယ္အတြင္းသက္သာေစပါတယ္။

(၃)ေရခဲကပ္ျခင္း

ေရခဲက ေရာင္ယမ္းျခင္းအားလုံးကိုသက္သာေစေၾကာင္း ကြၽန္ေတာ္တို႔သိၾကၿပီး ျဖစ္ပါတယ္။ေရခဲကပ္ရာမွာ ၁၅မိနစ္ၾကာေအာင္ကပ္ၿပီး ၁၅မိိနစ္ၾကာေအာင္ အနားေပးပါ။ထိုနည္းအတိုင္း အႀကိမ္မ်ားစြာျပဳလုပ္ေပးပါ။

(၄)ေလးညႇင္း

သြားကိုက္ျခင္းကိုသက္သာဖို႔ ေရွးေခတ္ကတည္းကပင္ အသုံးျပဳခဲ့ၾကပါတယ္။နာက်င္ေသာေနရာေပၚသို႔အုံေပးျခင္းျဖင့္ နာက်ျခင္းကိုသက္သာေစပါတယ္။အခ်ိဴ႕ကလည္း ေလးညႇင္းဆီကိုအသုံးျပဳၾကပါတယ္။

(၅)နႏြင္း

နႏြင္းမွာ ပါေသာပိုးသတ္အာနိသင္ေၾကာင့္ သြားနာျခင္းကိုသက္သာေစပါတယ္။ထိုမွ်မကသြားဖုံးေယာင္ျခင္းကို သက္သာေစတဲ့အျပင္ ပိုးမႊားမ်ားကိုလဲေသေစပါတယ္။ နႏြင္းမႈန႔္အနည္းငယ္ကိုေရေႏြးထဲေရာၿပီး ပလုတ္က်ငး္ရည္အျဖစ္ အသုံးျပဳေပးပါ။

(၆)ပူစီနံ႐ြက္

သြားကိုက္ေသာေနရာသို႔ ပူစီနံ႐ြက္အနည္းငယ္ကို ၁၅မိနစ္ခန႔္အုံေပးပါ။ သြားကိုက္ျခင္းအျပင္ လည္ေခ်ာင္းနာျခင္းကိုပါသက္သာေစေသာအစြမ္းရွိပါတယ္။

(၇)ၾကက္သြန္နီ

ၾကက္သြန္နီမွာ ပိုးသတ္အာနိသင္အျပင္ ေရာင္ယမ္းျခင္းကိုေလ်ာ့ပါးေစေသာအာနိသင္ပါရွိတာမို႔ သြားနာျခင္းကိုသက္သာေစပါတယ္။ နာက်င္ေနေသာ အံဆုံးေပၚသို႔ ။ၾကက္သြန္နီအနည္းငယ္ကို ၁၅မိနစ္ခန႔္အုံေပးပါ။

Writer- Dr Jue ( XYZ NEWS )

Unicode ဖြင့်ဖတ်ရန်

အန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကိုသက်သာစေမယ့်နည်းလမ်းများ

လူတိုင်းဟာ အန်ဆုံးပေါက်ခြင်းကြောင့်နာကျင်ခြင်းကို ခံစားဖူးကြပါတယ်။အံဆုံးဆိုတာ တတိယမြောက် အံသွားကိုခေါ်ဆိုခြင်းဖြစ်ပြီး အသက်၁၈ကနေ၂၅နှစ်အတွင်း ရင့်ကျက်တည်ငြိမ်သောအရွယ်မှာ ပေါက်တဲ့သွားမို့ပညာရှိသွား(wisdom tooth)လို့လဲတင်စားကြပါသေးတယ်။အံဆုံးပေါက်လို့နာကျင်ခြင်းကိုလောလောလတ်လတ်ခံစားနေရသူများအတွက် အောက်ဖော်ပြပါနည်းလမ်းကောင်းလေးတွေက ကူညီပေးမှာ ဖြစ်လို့ဆက်လက်ဖတ်ရှုုကြည့်ပါနော်။

(၁)ဆားပြုတ်ရည်

ဆားဆိုတာ သဘာဝပိုးသတ်အာနိသင်ရှိသော ဆေးတစ်လက်ဖြစ်ပါတယ်။ဆားကို ရေကြက်သီးနွေးမှာခပ်ထည့်ပြီးထိုအရည်ဖြင့် ပလုတ်ကျင်းပေးပါ။သွားကိုက်ခြင်းနဲ့လည်ပင်းနာခြင်းများကိုလျင်မြန်စွာသက်သာစေပါလိမ့်မယ်။ပလုတ်ကျင်းရာမှာလဲ မိနစ်အနည်းငယ်ကြာအောင်ကျင်းဖို့လိုပြီး တစ်နေ့ကို ၄ကြိမ်ခန့်ပြုလုပ်နိုင်ပါတယ်။လွယ်ကူပြီး အကျိူးရှိသောနည်းတစ်လက်ဖြစ်ပါတယ်။

(၂)မုန့်ဖုတ်ဆိုဒါအနှစ်

အံဆုံးပေါက်ခြင်းကြောင့် ရောင်ယမ်းခြင်းကို သက်သာစေပါတယ်။မုန့်ဖုတ်ဆိုဒါကို သင်သုံးနေကျသွားတိုက်ဆေးနဲ့ရောပြီး ပုံမှန်အတိုင်း သွားတိုက်ပါ။အထူးသဖြင့် အံဆုံးနေရာသို့ဖိတိုက်ပေးပါ။နာကျင်ခြင်းကိုမိနစ်အနည်းငယ်အတွင်းသက်သာစေပါတယ်။

(၃)ရေခဲကပ်ခြင်း

ရေခဲက ရောင်ယမ်းခြင်းအားလုံးကိုသက်သာစေကြောင်း ကျွန်တော်တို့သိကြပြီး ဖြစ်ပါတယ်။ရေခဲကပ်ရာမှာ ၁၅မိနစ်ကြာအောင်ကပ်ပြီး ၁၅မိနစ်ကြာအောင် အနားပေးပါ။ထိုနည်းအတိုင်း အကြိမ်များစွာပြုလုပ်ပေးပါ။

(၄)လေးညှင်း

သွားကိုက်ခြင်းကိုသက်သာဖို့ ရှေးခေတ်ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။နာကျင်သောနေရာပေါ်သို့အုံပေးခြင်းဖြင့် နာကျင်ခြင်းကိုသက်သာစေပါတယ်။အချိူ့ကလည်း လေးညှင်းဆီကိုအသုံးပြုကြပါတယ်။

(၅)နနွင်း

နနွင်းမှာ ပါသောပိုးသတ်အာနိသင်ကြောင့် သွားနာခြင်းကိုသက်သာစေပါတယ်။ထိုမျှမကသွားဖုံးယောင်ခြင်းကိုသက်သာစေတဲ့အပြင် ပိုးမွှားများကိုလဲသေစေပါတယ်။ နနွင်းမှုန့်အနည်းငယ်ကိုရေနွေးထဲရောပြီး ပလုတ်ကျင်းရည်အဖြစ် အသုံးပြုပေးပါ။

(၆)ပူစီနံရွက်

သွားကိုက်သောနေရာသို့ ပူစီနံရွက်အနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။ သွားကိုက်ခြင်းအပြင် လည်ချောင်းနာခြင်းကိုပါသက်သာစေသောအစွမ်းရှိပါတယ်။

(၇)ကြက်သွန်နီ

ကြက်သွန်နီမှာ ပိုးသတ်အာနိသင်အပြင် ရောင်ယမ်းခြင်းကိုလျော့ပါးစေသောအာနိသင်ပါရှိတာမို့ သွားနာခြင်းကိုက်သာစေပါတယ်။ နာကျင်နေသော အံဆုံးပေါ်သို့ ။ကြက်သွန်နီအနည်းငယ်ကို ၁၅မိနစ်ခန့်အုံပေးပါ။

Writer- Dr Jue ( XYZ NEWS )
အန္ဆုံးေပါက္ျခင္းေၾကာင့္နာက်င္ျခင္းကိုသက္သာေစမယ့္နည္းလမ္းမ်ာ အန္ဆုံးေပါက္ျခင္းေၾကာင့္နာက်င္ျခင္းကိုသက္သာေစမယ့္နည္းလမ္းမ်ာ Reviewed by Myanmar channel on 1月 11, 2020 Rating: 5

沒有留言:

技術提供:Blogger.