မိတ္ေဆြတစ္ဦး ခါးနာေနတာ ေဆးစစ္ေတာ့ ေက်ာက္ကပ္ေရာင္လို႔ ခါးနာတာသိရလို႔ ေဆးနည္းေတာင္းလာပါတယ္။ အဲဒါနဲ႔ ဒရင္ေကာက္ပင္တစ္ခက္ကို ညက္ေနေအာင္ ေထာင္းၿပီး ေက်ာက္ကပ္နာေနတဲ့အေပၚ ကပ္ထားေပးပါေျပာၿပီး အပင္ပုံေရာ ေဆးနည္းပါ ေပးလိုက္ပါတယ္။
ပုံေတြ႕မွ သူတို႔ေဒသမွာ ဒေဂါက္ၫြန႔္လို႔ ေခၚၿပီး ေဘးျခင္းကပ္႐ြာမွာ ေကာက္ေကာက္ၫြန႔္လို႔ ေခၚတဲ့အေၾကာင္း ျပန္ေျပာပါတယ္။ အဲ့လို တစ္ေနရာနဲ႔တစ္ေနရာ အေခၚမတူေတာ့ ေဆးပင္သိတိုင္း ေဆးနည္းေပးလို႔ မလြယ္ပါဘူး။ ေနျပည္ေတာ္ အင္ၾကင္းေဈးမွာေတာ့ ဒီအပင္ကို အခါခပ္သိမ္းေတာ့ ေတြ႕ရတာ မဟုတ္ပါဘူး။
႐ြာနီးခ်ဳပ္စပ္က ေတာသည္ေတြကို လိုခ်င္ရင္ ၅၀၀ိ/ ၁၀၀၀ိ/ စရံသတ္ၿပီး မွာလို႔ရပါတယ္။ တစ္စည္း ႏွစ္စည္းေလာက္ မွာရင္ေတာ့ အဆင္မေျပပါဘူး။ သူတို႔ေရာင္းတဲ့အထဲ ပါရင္ေတာ့ကိုယ္လိုသေလာက္ယူေပါ့။ တစ္စည္းမွ ၁၀၀ိ/ပါ။
ေက်ာက္ကပ္ေရာင္ေနပါက-
အုံေဆးအေနနဲ႔ ဒရင္ေကာက္တစ္ခက္ကို ညက္ေနေအာင္ေထာင္းၿပီး ေရာင္ေနတဲ့ ေက်ာက္ကပ္အေပၚ ကအုံၿပီး ကပ္ေပးပါ။ ေျခာက္သြားရင္ ေရနည္းနည္း ျပန္စြတ္ေပးပါ။ ဒရင္ေကာက္ကိုပဲ ေရေႏြးေဖ်ာတို႔ျမႇဳတ္စား၊ ခ်က္စား၊ ေၾကာ္စားအဆင္ေျပသလို ျပဳလုပ္ပါ။ တခ်ိဳ႕က ႀကိတ္စက္နဲ႔ ႀကိတ္ၿပီး ေဖ်ာ္ရည္ျပဳလုပ္ ေသာက္သုံးၾကပါတယ္။ ေဆးနည္းအတိုင္း (၃)ရက္ေလာက္ ျပဳလုပ္ၿပီးတဲ့အခါမွာ သက္သာသြားပါၿပီဆိုတာကို ဝမ္းသာအားရ ေျပာျပလာပါတယ္။
Credit-Shwe La Thar Win
(Unicode)
မိတ်ဆွေတစ်ဦး ခါးနာနေတာ ဆေးစစ်တော့ ကျောက်ကပ်ရောင်လို့ ခါးနာတာသိရလို့ ဆေးနည်းတောင်းလာပါတယ်။ အဲဒါနဲ့ ဒရင်ကောက်ပင်တစ်ခက်ကို ညက်နေအောင် ထောင်းပြီး ကျောက်ကပ်နာနေတဲ့အပေါ် ကပ်ထားပေးပါပြောပြီး အပင်ပုံရော ဆေးနည်းပါ ပေးလိုက်ပါတယ်။
ပုံတွေ့မှ သူတို့ဒေသမှာ ဒဂေါက်ညွန့်လို့ ခေါ်ပြီး ဘေးခြင်းကပ်ရွာမှာ ကောက်ကောက်ညွန့်လို့ ခေါ်တဲ့အကြောင်း ပြန်ပြောပါတယ်။ အဲ့လို တစ်နေရာနဲ့တစ်နေရာ အခေါ်မတူတော့ ဆေးပင်သိတိုင်း ဆေးနည်းပေးလို့ မလွယ်ပါဘူး။ နေပြည်တော် အင်ကြင်းဈေးမှာတော့ ဒီအပင်ကို အခါခပ်သိမ်းတော့ တွေ့ရတာ မဟုတ်ပါဘူး။
ရွာနီးချုပ်စပ်က တောသည်တွေကို လိုချင်ရင် ၅၀၀ိ/ ၁၀၀၀ိ/ စရံသတ်ပြီး မှာလို့ရပါတယ်။ တစ်စည်း နှစ်စည်းလောက် မှာရင်တော့ အဆင်မပြေပါဘူး။ သူတို့ရောင်းတဲ့အထဲ ပါရင်တော့ကိုယ်လိုသလောက်ယူပေါ့။ တစ်စည်းမှ ၁၀၀ိ/ပါ။
ကျောက်ကပ်ရောင်နေပါက-
အုံဆေးအနေနဲ့ ဒရင်ကောက်တစ်ခက်ကို ညက်နေအောင်ထောင်းပြီး ရောင်နေတဲ့ ကျောက်ကပ်အပေါ် ကအုံပြီး ကပ်ပေးပါ။ ခြောက်သွားရင် ရေနည်းနည်း ပြန်စွတ်ပေးပါ။ ဒရင်ကောက်ကိုပဲ ရေနွေးဖျောတို့မြှုတ်စား၊ ချက်စား၊ ကြော်စားအဆင်ပြေသလို ပြုလုပ်ပါ။ တချို့က ကြိတ်စက်နဲ့ ကြိတ်ပြီး ဖျော်ရည်ပြုလုပ် သောက်သုံးကြပါတယ်။ ဆေးနည်းအတိုင်း (၃)ရက်လောက် ပြုလုပ်ပြီးတဲ့အခါမှာ သက်သာသွားပါပြီဆိုတာကို ဝမ်းသာအားရ ပြောပြလာပါတယ်။
Credit-Shwe La Thar Win
ေက်ာက္ကပ္ေရာင္ေနပါက
Reviewed by Myanmar channel
on
1月 17, 2020
Rating:
Reviewed by Myanmar channel
on
1月 17, 2020
Rating:

沒有留言: