သဘာ၀ပိန္ေဆး၊ ႏွလုံးေသြးေၾကာက်ဥ္း၊ ဆီးခ်ိဳ ႏွင့္ အစြမ္းထက္ တေဇာင္းခါး။


တေဇာင္းခါးဘယ္လိုစားမလည္း

ဆရာသာျဖစ္တာ က်ေနာ္က ဟင္းခ်က္ရတာကိုလည္း ဝါသနာထုံတယ္။ ေဈးကေန အစိတ္သားေလာက္ဝယ္။ အျမစ္ကိုဖယ္ ပင္စည္ကို ေရစင္ေအာင္ေဆး၊ အပင္ေလးေတြ အေလာ္ေတာ္ျဖတ္၊ စဥ့္နီတုံးေပၚတင္။ ၿပီးရင္ ဒါးျပားႀကီးႀကီးနဲ႔ ခပ္ျပားျပားေလးျဖစ္ေအာင္ ႐ိုက္ခ်၊ မခ်က္ခင္ အေရာင္မဲမသြားရေအာင္ ဆားရည္ထဲ ခဏေလးစိမ္ထား၊ ၾကက္သြန္ျဖဴ နည္းနည္းကို ဆီသပ္ထား နႏြင္းနဲ႔ အေရာင္တင္မႈံ႕ သင့္႐ုံသုံး ၊ သူနဲ႔ အလိုက္ဖက္ဆုံးက ပုဇြန္ေျခာက္ဘဲ (ကိုယ့္အႀကိဳက္ေျပာတာေနာ္)။ ပုဇြန္ေျခာက္ေလးကို ညက္ညက္ေလးေထာင္း၊ တေဇာင္းခါး ပင္စည္ျပားျပားေလးနဲ႔ ၂ ခုကို ေရာၿပီးေၾကာ္စားလိုက္ရင္ အရသာက ခ်ဥ္ခါးသက္သက္ေလးမို႔ ေဆြမ်ိဳးေမ့ေလာက္သည္။ ႀကိဳက္တတ္ရင္ အသား တမ်ိဳးမ်ိဳးနဲ႔လည္း ေရာခ်က္စားလို႔လည္းရသည္။

အခုဆို သဘာ၀ ပိန္ေဆး အေနနဲ႔ တေဇာင္းခါးကိုစားေနၾကပါၿပီ။ သူဓါတ္က ေသြးထဲက ကိုလက္စထေရာကို က်ေစပါသည္။ အဆီက်ၿပီး အသားကို က်စ္ေစပါသည္၊ မ်ားမ်ားစားရင္ တုတ္ေနေသာ ခါးေလးသြယ္လ်ၿပီး လွလာမွာပါ။ အညာေဒသမွာ ဘယ္အိမ္သြားသြား အလကားယူလို႔ရေသာ တေဇာင္းခါး အပင္က ရန္ကုန္လို ၿမိဳ႕ႀကီးေတြမွာ ရွာရတာ မလြယ္လွပါဘူး၊ super market ႀကီးေတြ အေပၚမွာ ေဈးႀကီးေပးဝယ္စားၾကရတယ္။

ေဆးဖက္ဝင္ပုံ

တေဇာင္းခါးက ကိုလက္စထေရာ က်ေစလို ႏွလုံးေသြးေၾကာက်ဥ္းေရာဂါကို ကာကြယ္ႏိုင္သည္။အမွ်င္ဓါတ္ ပါေသာေၾကာင့္ အသက္အ႐ြယ္ေၾကာင့္ ေသြးေၾကာမ်ားမာေၾကာၿပီး ကိုယ္အဂၤါကိုက္ခဲနာက်င္ေသာေရာဂါကိုလည္း ကာကြယ္ႏိုင္သည္။ အဝလြန္သူမ်ားတြက္ ပိန္ေဆးအျဖစ္စားသုံးႏိုင္သည္။ ဆီးခ်ိဳေရာဂါသည္မ်ား ဆီးခ်ိဳက်ေစေသာ စားစရာ အျဖစ္စားႏိုင္သည္။ လိပ္ေခါင္းေရာဂါ သက္သာေစသည္။ တေဇာင္းခါးစားသုံးျခင္းျဖင့္ ဆာေလာင္ျခင္း ေရငတ္ျခင္းတို႔ကိုတာရွည္ထိမ္းထားႏိုင္သည္။ အစာလည္းေဆး ေဆးလည္းအစာမို႔ ခႏၶာကိုယ္ ၀၀ မမ မ်ား ေခတ္မီေအာင္ တေဇာင္းခါး စားၾကစို႔လား။

Credit-Kothet NaingOo သက္ႏိုင္ဦး မုံ႐ြာတကၠသိုလ္

(Unicode)

တဇောင်းခါးဘယ်လိုစားမလည်း

ဆရာသာဖြစ်တာ ကျနော်က ဟင်းချက်ရတာကိုလည်း ဝါသနာထုံတယ်။ ဈေးကနေ အစိတ်သားလောက်ဝယ်။ အမြစ်ကိုဖယ် ပင်စည်ကို ရေစင်အောင်ဆေး၊ အပင်လေးတွေ အလော်တော်ဖြတ်၊ စဉ့်နီတုံးပေါ်တင်။ ပြီးရင် ဒါးပြားကြီးကြီးနဲ့ ခပ်ပြားပြားလေးဖြစ်အောင် ရိုက်ချ၊ မချက်ခင် အရောင်မဲမသွားရအောင် ဆားရည်ထဲ ခဏလေးစိမ်ထား၊ ကြက်သွန်ဖြူ နည်းနည်းကို ဆီသပ်ထား နနွင်းနဲ့ အရောင်တင်မှုံ့ သင့်ရုံသုံး ၊ သူနဲ့ အလိုက်ဖက်ဆုံးက ပုဇွန်ခြောက်ဘဲ (ကိုယ့်အကြိုက်ပြောတာနော်)။ ပုဇွန်ခြောက်လေးကို ညက်ညက်လေးထောင်း၊ တဇောင်းခါး ပင်စည်ပြားပြားလေးနဲ့ ၂ ခုကို ရောပြီးကြော်စားလိုက်ရင် အရသာက ချဉ်ခါးသက်သက်လေးမို့ ဆွေမျိုးမေ့လောက်သည်။ ကြိုက်တတ်ရင် အသား တမျိုးမျိုးနဲ့လည်း ရောချက်စားလို့လည်းရသည်။

အခုဆို သဘာ၀ ပိန်ဆေး အနေနဲ့ တဇောင်းခါးကိုစားနေကြပါပြီ။ သူဓါတ်က သွေးထဲက ကိုလက်စထရောကို ကျစေပါသည်။ အဆီကျပြီး အသားကို ကျစ်စေပါသည်၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာမှာပါ။ အညာဒေသမှာ ဘယ်အိမ်သွားသွား အလကားယူလို့ရသော တဇောင်းခါး အပင်က ရန်ကုန်လို မြို့ကြီးတွေမှာ ရှာရတာ မလွယ်လှပါဘူး၊ super market ကြီးတွေ အပေါ်မှာ ဈေးကြီးပေးဝယ်စားကြရတယ်။

ဆေးဖက်ဝင်ပုံ

တဇောင်းခါးက ကိုလက်စထရော ကျစေလို နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်သည်။အမျှင်ဓါတ် ပါသောကြောင့် အသက်အရွယ်ကြောင့် သွေးကြောများမာကြောပြီး ကိုယ်အင်္ဂါကိုက်ခဲနာကျင်သောရောဂါကိုလည်း ကာကွယ်နိုင်သည်။ အဝလွန်သူများတွက် ပိန်ဆေးအဖြစ်စားသုံးနိုင်သည်။ ဆီးချိုရောဂါသည်များ ဆီးချိုကျစေသော စားစရာ အဖြစ်စားနိုင်သည်။ လိပ်ခေါင်းရောဂါ သက်သာစေသည်။ တဇောင်းခါးစားသုံးခြင်းဖြင့် ဆာလောင်ခြင်း ရေငတ်ခြင်းတို့ကိုတာရှည်ထိမ်းထားနိုင်သည်။ အစာလည်းဆေး ဆေးလည်းအစာမို့ ခန္ဓာကိုယ် ၀၀ မမ များ ခေတ်မီအောင် တဇောင်းခါး စားကြစို့လား။

Credit-Kothet NaingOo သက်နိုင်ဦး မုံရွာတက္ကသိုလ်
သဘာ၀ပိန္ေဆး၊ ႏွလုံးေသြးေၾကာက်ဥ္း၊ ဆီးခ်ိဳ ႏွင့္ အစြမ္းထက္ တေဇာင္းခါး။ သဘာ၀ပိန္ေဆး၊ ႏွလုံးေသြးေၾကာက်ဥ္း၊ ဆီးခ်ိဳ ႏွင့္ အစြမ္းထက္ တေဇာင္းခါး။ Reviewed by Myanmar channel on 1月 17, 2020 Rating: 5

沒有留言:

技術提供:Blogger.