လူတစ္ေယာက္ရဲ႕ အျပဳအမူ၊ အက်င့္စရိုက္နဲ႔ စိတ္ေနစိတ္ထားေတြဟာ ငယ္ဘဝျဖတ္သနး္လာရပံုနဲ႔ အမ်ားၾကီးသက္ဆိုင္ေနပါတယ္။ မိသားစုမေျပလည္တဲ့သူေတြ၊ မိဘမဲ့ေတြ (မိစံုဖစံုမေနခဲ့ရသူေတြ)၊ ဆင္းရဲခ်ိဳ႕တဲ့တဲ့သူေတြနဲ႔ ၾကမ္းတမ္းတဲ့ မိသားစုဝင္ေတြၾကားမွာ ၾကီးျပင္းလာရသူေတြမွာ အမ်ားဆံုးျဖစ္တတ္ပါတယ္။
ခုေဖာ္ျပေပးမွာကေတာ့ ငယ္ဘဝမွာ ျပင္းထန္တဲ့ စိတ္ဒဏ္ရာရွိတဲ့သူေတြမွန္း သိႏိုင္မယ့္ လကၡဏာေတြပဲျဖစ္ပါတယ္။ သင့္ပတ္ဝန္းက်င္မွာ ဒီလိုလူေတြရွိခဲ့ရင္ စိတ္ရွည္သည္းခံျပီး ေမတၱာျပဖုိ႔က သင့္တာဝန္ျဖစ္ပါတယ္..
(၁) အျမဲတမ္းခ်ိတံုခ်တံုျဖစ္တယ္
ငယ္ဘဝတုန္းက ၾကီးမားတဲ့စိတ္ဒဏ္ရာ ရွိခဲ့ဖူူးသူေတြဟာ ဘယ္အရာကိုမွ မယံုၾကည္ႏိုင္ၾကေတာ့ပါဘူး။ တစ္ခုခုလုပ္ေတာ့မယ္ဆိုရင္လည္း မေကာင္းတဲ့ ရလဒ္မ်ားျဖစ္လာမလား၊ မွားသြားမလား၊ သစၥာေဖာက္ခံရေလမလား ဆိုတာ ေတြးေၾကာက္ျပီး အျမဲတမ္း ခ်ိတံုခ်တံုျဖစ္ေနတတ္တဲ့သူေတြျဖစ္ပါတယ္။
(၂) စိတ္အေျပာင္းအလဲျမန္တယ္
ငယ္ဘဝမွာတုန္းက ၾကီးမားတဲ့စိတ္ဒဏ္ရာရွိခဲ့တဲ့သူေတြဟာ စိတ္အေျပာင္းအလဲ အရမ္းျမန္တဲ့သူေတြ ျဖစ္ပါတယ္။ အေၾကာင္းကေတာ့ ခံစားခ်က္ေတြအားလံုးကို တစ္ျပိဳင္နက္တညး္မွာ ခံစားတတ္ၾကလို႔ျဖစ္ပါတယ္။
(၃) လူေတြမုန္းမွာေၾကာက္တယ္
ငယ္စဥ္က စိတ္ဒဏ္ရာၾကီးမားစြာ ရွိဖူးတဲ့သူေတြဟာ တစ္ခုခုကို လုပ္တဲ့အခါေတြမွာ သပ္သပ္ရပ္ရပ္နဲ႔ ေထာင့္ေစ့ေအာင္လုပ္တတ္တဲ့သူေတြပါ။ ခံစားခ်က္ေတြကို ဖြင့္ျပေလ့မရွိသလို လူေတြကုိ အနစ္နာခံျပီး ေပါငး္သင္းတတ္သူေတြပါ။ ဖားတာမဟုတ္ပါဘူး။ လူေတြ မႏွစ္ျမိဳ႕မွာ၊ မခင္ခ်င္ၾကမွာစိုးလို႔ပါ။
(၄) မာေက်ာတယ္လို႔ထင္ရေပမယ့္ အရမး္စိတ္ထိခိုက္လြယ္တယ္
ငယ္ဘဝမွာ စိတ္ဒဏ္ရာၾကီးမားစြာရဖူးတဲ့သူေတြက ၾကံ့ခိုင္ခ်င္၊ သန္မာခ်င္ေယာင္ေဆာင္ျပီး ဘယ္အရာကိုမွ မျဖံဳဘူးဆိုတဲ့ အသြင္ေဆာင္ေနတတ္ပါတယ္။ အမွန္တကယ္မွာေတာ့ သူတုိ႔ရဲ႕အတြင္းစိတ္က အရမး္ထိခိုက္လြယ္ျပီး ဝမ္းနည္းအားငယ္လြယ္တဲ့သူေတြျဖစ္ပါတယ္။
(၅) သီးသန္႔ေနတတ္တယ္
ငယ္စဥ္က ၾကီးမားတဲ့စိတ္ဒဏ္ရာရွိသူေတြဟာ လူအမ်ားနဲ႔ ေပါငး္သင္းဆက္ဆံရမွာကို ေၾကာက္ပါတယ္။ ဒါေၾကာင့္ တတ္ႏုိင္သမွ် လူစုလူေဝးေတြကို ေရွာင္ေလ့ရွိသလို တစ္ေယာက္တည္း သီးသန္႔ေနတတ္ၾကတဲ့ သူေတြျဖစ္ပါတယ္။
(၆) ေအာ္တာမခံႏိုင္ဘူး
ငယ္စဥ္က စိတ္ဒဏ္ရာၾကီးမားစြာ ရွိခဲ့တဲ့သူေတြဟာ ေၾကာက္စိတ္ေတြ၊ သိမ္ငယ္စိတ္ေတြ ဒါမွမဟုတ္ အားငယ္တဲ့စိတ္ေတြနဲ႔ ႀကီးျပင္းလာၾကသူေတြျဖစ္တာေၾကာင့္ ဆူတာ၊ ေငါက္တာ၊ ေအာ္တာေတြကို လံုးဝမခံစားႏိုင္ပါဘူး။
(၇) ကုိယ့္ကုိယ္ကိုယံုၾကည္မႈမရွိဘူး
ဒီလိုလူေတြဟာ ဘယ္ေလာက္ပဲရုပ္ေခ်ာေနပါေစ၊ ဘယ္ေလာက္ပဲ ေတာ္ေနထူးခၽြန္ေနပါေစ ကိုယ့္ကိုယ္ကိုယံုၾကည္မႈ မရွိႏိုင္ၾကပါဘူး။ ဘယ္အရာကိုပဲလုပ္လုပ္ ကုိယ့္ကိုယ္ကုိအျမဲတမး္ သံသယဝင္ေနတတ္ပါတယ္။
(၈) အရမး္တြယ္ကပ္တယ္
လူတစ္ေယာက္ကို ခင္ျပီ၊ ခ်စ္ျပီဆိုရင္ အဲ့ဒီ့လူကို အရမး္တြယ္တာတတ္သလို၊ အရမး္လညး္တြယ္ကပ္တတ္ၾကပါတယ္။ အေၾကာငး္ကေတာ့ ကိုယ့္အနားမွာ မရွိေတာ့မွာ၊ ကိုယ့္ကို စြန္႔ပစ္သြားမွာ အရမး္ေၾကာက္လုိ႔ပါ။ ဒါတင္မကေသးပါဘူး။ မူးယစ္ေဆးေတြ၊ အရက္၊ ေဆးလိပ္ေတြလညး္ စြဲတတ္ပါတယ္။
(၉) မ်က္လံုးခ်င္းမဆံုရဲဘူး
စကားေျပာတဲ့အခါေတြ၊ တစ္ေယာက္ေယာက္နဲ႔ စကားေတြေျပာတဲ့အခါေတြက်ရင္ မ်က္လံုးခ်င္းဆံုရဲမွာမဟုတ္ပါဘူး။ မ်က္လံုးခ်င္းဆံုျပီး စကားေျပာရတာ စိတ္ဒဏ္ရာ ရိွခဲ့သူေတြအတြက္ အရမး္ခက္ခဲတဲ့အရာတစ္ခုျဖစ္ပါတယ္။
(၁၀) ေဒါသၾကီးတယ္
ဒီလိုလူေတြဟာ ငယ္စဥ္ကတည္းက ခံစားခ်က္ေတြ၊ ေဒါသေတြ၊ နာက်င္မႈေတြကုိ ခ်ဳပ္တီးျပီး ၾကီးျပင္းလာရသူေတြျဖစ္တာေၾကာင့္ အရြယ္ေရာက္လာတဲ့အခါမွာေတာ့ အရမး္ေဒါသၾကီးတတ္ၾကျပီး ေဒါသကုိ သိပ္မထိန္းႏိုင္ၾကပါဘူး။
ခရက္ဒစ္ Em Em
Unicode
အရွယ်နဲ့မလိုက်အောင် ကြီးမားတဲ့စိတ်ဒဏ်ရာကို ခံစားခဲ့ရသူတစ်ယောက်ရဲ့ လက္ခဏာ (၁၀)မျိုး
လူတစ်ယောက်ရဲ့ အပြုအမူ၊ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားတွေဟာ ငယ်ဘဝဖြတ်သနး်လာရပုံနဲ့ အများကြီးသက်ဆိုင်နေပါတယ်။ မိသားစုမပြေလည်တဲ့သူတွေ၊ မိဘမဲ့တွေ (မိစုံဖစုံမနေခဲ့ရသူတွေ)၊ ဆင်းရဲချို့တဲ့တဲ့သူတွေနဲ့ ကြမ်းတမ်းတဲ့ မိသားစုဝင်တွေကြားမှာ ကြီးပြင်းလာရသူတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။
ခုဖော်ပြပေးမှာကတော့ ငယ်ဘဝမှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာရှိတဲ့သူတွေမှန်း သိနိုင်မယ့် လက္ခဏာတွေပဲဖြစ်ပါတယ်။ သင့်ပတ်ဝန်းကျင်မှာ ဒီလိုလူတွေရှိခဲ့ရင် စိတ်ရှည်သည်းခံပြီး မေတ္တာပြဖို့က သင့်တာဝန်ဖြစ်ပါတယ်..
(၁) အမြဲတမ်းချိတုံချတုံဖြစ်တယ်
ငယ်ဘဝတုန်းက ကြီးမားတဲ့စိတ်ဒဏ်ရာ ရှိခဲ့ဖူူးသူတွေဟာ ဘယ်အရာကိုမှ မယုံကြည်နိုင်ကြတော့ပါဘူး။ တစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း မကောင်းတဲ့ ရလဒ်များဖြစ်လာမလား၊ မှားသွားမလား၊ သစ္စာဖောက်ခံရလေမလား ဆိုတာ တွေးကြောက်ပြီး အမြဲတမ်း ချိတုံချတုံဖြစ်နေတတ်တဲ့သူတွေဖြစ်ပါတယ်။
(၂) စိတ်အပြောင်းအလဲမြန်တယ်
ငယ်ဘဝမှာတုန်းက ကြီးမားတဲ့စိတ်ဒဏ်ရာရှိခဲ့တဲ့သူတွေဟာ စိတ်အပြောင်းအလဲ အရမ်းမြန်တဲ့သူတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ ခံစားချက်တွေအားလုံးကို တစ်ပြိုင်နက်တညး်မှာ ခံစားတတ်ကြလို့ဖြစ်ပါတယ်။
(၃) လူတွေမုန်းမှာကြောက်တယ်
ငယ်စဉ်က စိတ်ဒဏ်ရာကြီးမားစွာ ရှိဖူးတဲ့သူတွေဟာ တစ်ခုခုကို လုပ်တဲ့အခါတွေမှာ သပ်သပ်ရပ်ရပ်နဲ့ ထောင့်စေ့အောင်လုပ်တတ်တဲ့သူတွေပါ။ ခံစားချက်တွေကို ဖွင့်ပြလေ့မရှိသလို လူတွေကို အနစ်နာခံပြီး ပေါငး်သင်းတတ်သူတွေပါ။ ဖားတာမဟုတ်ပါဘူး။ လူတွေ မနှစ်မြို့မှာ၊ မခင်ချင်ကြမှာစိုးလို့ပါ။
(၄) မာကျောတယ်လို့ထင်ရပေမယ့် အရမး်စိတ်ထိခိုက်လွယ်တယ်
ငယ်ဘဝမှာ စိတ်ဒဏ်ရာကြီးမားစွာရဖူးတဲ့သူတွေက ကြံ့ခိုင်ချင်၊ သန်မာချင်ယောင်ဆောင်ပြီး ဘယ်အရာကိုမှ မဖြုံဘူးဆိုတဲ့ အသွင်ဆောင်နေတတ်ပါတယ်။ အမှန်တကယ်မှာတော့ သူတို့ရဲ့အတွင်းစိတ်က အရမး်ထိခိုက်လွယ်ပြီး ဝမ်းနည်းအားငယ်လွယ်တဲ့သူတွေဖြစ်ပါတယ်။
(၅) သီးသန့်နေတတ်တယ်
ငယ်စဉ်က ကြီးမားတဲ့စိတ်ဒဏ်ရာရှိသူတွေဟာ လူအများနဲ့ ပေါငး်သင်းဆက်ဆံရမှာကို ကြောက်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ လူစုလူဝေးတွေကို ရှောင်လေ့ရှိသလို တစ်ယောက်တည်း သီးသန့်နေတတ်ကြတဲ့ သူတွေဖြစ်ပါတယ်။
(၆) အော်တာမခံနိုင်ဘူး
ငယ်စဉ်က စိတ်ဒဏ်ရာကြီးမားစွာ ရှိခဲ့တဲ့သူတွေဟာ ကြောက်စိတ်တွေ၊ သိမ်ငယ်စိတ်တွေ ဒါမှမဟုတ် အားငယ်တဲ့စိတ်တွေနဲ့ ကြီးပြင်းလာကြသူတွေဖြစ်တာကြောင့် ဆူတာ၊ ငေါက်တာ၊ အော်တာတွေကို လုံးဝမခံစားနိုင်ပါဘူး။
(၇) ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိဘူး
ဒီလိုလူတွေဟာ ဘယ်လောက်ပဲရုပ်ချောနေပါစေ၊ ဘယ်လောက်ပဲ တော်နေထူးချွန်နေပါစေ ကိုယ့်ကိုယ်ကိုယုံကြည်မှု မရှိနိုင်ကြပါဘူး။ ဘယ်အရာကိုပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုအမြဲတမး် သံသယဝင်နေတတ်ပါတယ်။
(၈) အရမး်တွယ်ကပ်တယ်
လူတစ်ယောက်ကို ခင်ပြီ၊ ချစ်ပြီဆိုရင် အဲ့ဒီ့လူကို အရမး်တွယ်တာတတ်သလို၊ အရမး်လညး်တွယ်ကပ်တတ်ကြပါတယ်။ အကြောငး်ကတော့ ကိုယ့်အနားမှာ မရှိတော့မှာ၊ ကိုယ့်ကို စွန့်ပစ်သွားမှာ အရမး်ကြောက်လို့ပါ။ ဒါတင်မကသေးပါဘူး။ မူးယစ်ဆေးတွေ၊ အရက်၊ ဆေးလိပ်တွေလညး် စွဲတတ်ပါတယ်။
(၉) မျက်လုံးချင်းမဆုံရဲဘူး
စကားပြောတဲ့အခါတွေ၊ တစ်ယောက်ယောက်နဲ့ စကားတွေပြောတဲ့အခါတွေကျရင် မျက်လုံးချင်းဆုံရဲမှာမဟုတ်ပါဘူး။ မျက်လုံးချင်းဆုံပြီး စကားပြောရတာ စိတ်ဒဏ်ရာ ရှိခဲ့သူတွေအတွက် အရမး်ခက်ခဲတဲ့အရာတစ်ခုဖြစ်ပါတယ်။
(၁၀) ဒေါသကြီးတယ်
ဒီလိုလူတွေဟာ ငယ်စဉ်ကတည်းက ခံစားချက်တွေ၊ ဒေါသတွေ၊ နာကျင်မှုတွေကို ချုပ်တီးပြီး ကြီးပြင်းလာရသူတွေဖြစ်တာကြောင့် အရွယ်ရောက်လာတဲ့အခါမှာတော့ အရမး်ဒေါသကြီးတတ်ကြပြီး ဒေါသကို သိပ်မထိန်းနိုင်ကြပါဘူး။
ခရက်ဒစ် Em Em
အရြယ္နဲ႔မလိုက္ေအာင္ ႀကီးမားတဲ့စိတ္ဒဏ္ရာကို ခံစားခဲ့ရသူတစ္ေယာက္ရဲ႕ လကၡဏာ (၁၀)မ်ိဳး
Reviewed by Myanmar channel
on
1月 17, 2020
Rating:

沒有留言: