ဆရာဝန္ေတြကမလုပ္သင့္ဘူးလို႔ သတ္မွတ္ထားေပမယ့္ လူအမ်ားစု လုပ္မိေနတတ္ၾကတဲ့ အမွားမ်ား


ႏွာေခါင္းေသြးလွ်ံတဲ့အခါ ေခါင္းကို အေပၚသို႔လွန္လိုက္ျခင္း ၊ ေႁမြအဆိပ္ကို ပါးစပ္ျဖင့္ စုပ္ထုတ္ျခင္း တို႔ဟာ လုပ္သင့္လား မလုပ္သင့္လားကို လူတစ္ခ်ိဳ႕ဟာ ေသခ်ာမသိၾကပါဘူး ။ အေၾကာင္းကေတာ့ ေခတ္အဆက္ဆက္ ကတည္းက ထိုသို႔လုပ္ကိုင္ဖို႔ အတြက္ ကိုယ္ေတြ႕ အေတြ႕အႀကဳံေတြက သင္ၾကားခံခဲ့ရတာပါ ။ လူႀကီးေတြက သင္ေပးခဲ့တာေၾကာင့္ ျဖစ္တာေၾကာင့္မို႔ ျပန္လည္ၿပီးေတာ့လည္း ေမးခြန္းမထုတ္ခဲ့ၾကပါဘူး ။ ႐ုတ္တရက္ ႀကဳံေတြ႕လာရင္ လူအမ်ားစု လုပ္လိုက္မိတဲ့ အမွားအခ်ိဳ႕ကို ဆရာဝန္ေတြက မလုပ္သင့္ေၾကာင္း ရွင္းျပခဲ့ၾကပါတယ္ ။ ဆရာဝန္ေတြ က မလုပ္သင့္ဘူးလို႔ တားျမစ္ထားတဲ့ အရာေတြကဘာလဲ ဆိုတာ ဆက္လက္ ဖတ္ရႈလိုက္ပါဦးေနာ္ ။

၁ ။ ကေလးရဲ႕ အစားအေသာက္ေတြကို ေအးေအာင္ မမႈတ္ေပးပါႏွင့္ ။

ကေလးရဲ႕ အစားအေသာက္ေတြကို မႈတ္ေပးတာ ၊ ကေလးပါးစပ္ကို မိမိရဲ႕ ပါးစပ္ႏွင့္ ထိေတြ႕ထားေတြကို ကိုက္မိေစတာ ေတြဟာ ကိုယ့္မွာ ရွိတဲ့ ဘက္တီးရီးယားေတြကို ကေလးဆီ ပို႔ေဆာင္ေနသလိုပါပဲ ။ ဒါေၾကာင့္မို႔ ကေလးကို အစားအစာေကြၽးတဲ့အခါမွာ ေအးေအာင္ ပါးစပ္ႏွင့္ မမႈတ္ေပးဘဲ သဘာဝအတိုင္း အေအးခံေပးၿပီးမွသာ ကေလးကို ေကြၽးသင့္တာပါ ။

၂ ။ ႏွာေခါင္းေသြးလွ်ံရင္ ေခါင္းကို အေပၚေမာ့လိုက္တာ

ႏွာေခါင္းေသြးလွ်ံတဲ့အခါမွာ ေခါင္းကို အေပၚေမာ့လိုက္တာဟာ ေသြးေတြဟာ သင့္ႏွာေခါင္းမွာ ပိတ္ဆို႔ၿပီး အသက္မရႈႏိုင္ ျဖစ္သြားပါလိမ့္မယ္ ။ ႏွာေခါင္း ေသြးလွ်ံလာၿပီဆိုရင္ေတာ့ ႏွာေခါင္းကို လက္ႏွင့္ အသာအယာ ဖိညႇစ္ေပးၿပီး ေခါင္းကို တည့္ တည့္ထားေပးရမွာပါ ။

၃ ။ ႐ုတ္တရက္ မူးေဝလဲက်သြားသူကို အေပၚသို႔ မ မလိုက္ပါႏွင့္ ။

႐ုတ္တရက္ မူးေဝလဲက်သြားသူေတြဟာ ေသြးဖိအား ႐ုတ္တရက္ နည္းသြားၿပီး ဦးေႏွာက္ဆီသို႔ေသြးမေရာက္တာေၾကာင့္ပဲျဖစ္ပါတယ္ ။ ဒါေၾကာင့္ ႐ုတ္တရက္ မူးလဲသြားသူကို ေပြ႕မလိုက္မယ္ဆိုရင္ ဦးေႏွာက္ကို ေသြးေရာက္ႏႈန္းက ပိုနည္းသြားမွာပါ ။ ႐ုတ္တရက္ မူးလဲ သြားတဲ့သူကို ျမင္ပါက လွဲေလ်ာင္းေပးထားၿပီး ရင္ဘက္က ေခါင္းထက္ ပိုျမင့္ေနေစဖို႔လုပ္ေပးပါ ။ ၿပီးရင္ေတာ့ အေရးေပၚကို ခ်က္ခ်င္း ဖုန္းဆက္ေပးၿပီး အျမန္ဆုံးေဆး႐ုံကို ပို႔ေပးပါ ။

၄ ။ ေႁမြကိုက္ခံရရင္ အဆိပ္ကို ပါးစပ္ႏွင့္ စုတ္မထုတ္ပါႏွင့္ ။

ေႁမြကိုက္ခံရတဲ့ အခါမွာ အဆိပ္ ထြက္သြားေအာင္ ပါးစပ္ႏွင့္ စုပ္ထုတ္ ပစ္တာဟာ အဆိပ္ေတြ ထြက္သြားမွာ မဟုတ္တဲ့အျပင္ အခ်ိန္ေတြကို ပိုၾကာသြားေစႏိုင္ပါတယ္ ။ ဒါေၾကာင့္ ေႁမြကိုက္ခံရတဲ့ လူနာကို အဆိပ္ စုတ္ထုတ္ဖို႔ မႀကိဳးစားဘဲ နီးစပ္ရာ ေဆး႐ုံေဆးခန္းသို႔ အျမန္ဆုံး ပို႔ေဆာင္ေပးပါ ။

၅ ။ အစားစားၿပီးၿပီးခ်င္း သြားတိုက္တာ

အစားစားၿပီးခ်င္း သြားတိုက္တာဟာ ေႂကြသြားေတြကို ပ်က္စီးေစတာပဲ ျဖစ္ပါတယ္ ။ အစားအစာၿပီးလို႔ ခံတြင္းႏွင့္ သြားကို သန႔္ရွင္းခ်င္တယ္ဆိုရင္ ေရျဖင့္ အရင္ ပလုပ္က်င္းေပးၿပီး မိနစ္ ၄၀ ေလာက္အၾကာမွ သာ သြားတိုက္ေပးသင့္ပါတယ္ ။

Credit-MNPLp

(Unicode)

ဆရာဝန်တွေကမလုပ်သင့်ဘူးလို့ သတ်မှတ်ထားပေမယ့် လူအများစု လုပ်မိနေတတ်ကြတဲ့ အမှားများ

နှာခေါင်းသွေးလျှံတဲ့အခါ ခေါင်းကို အပေါ်သို့လှန်လိုက်ခြင်း ၊ မြွေအဆိပ်ကို ပါးစပ်ဖြင့် စုပ်ထုတ်ခြင်း တို့ဟာ လုပ်သင့်လား မလုပ်သင့်လားကို လူတစ်ချို့ဟာ သေချာမသိကြပါဘူး ။ အကြောင်းကတော့ ခေတ်အဆက်ဆက် ကတည်းက ထိုသို့လုပ်ကိုင်ဖို့ အတွက် ကိုယ်တွေ့ အတွေ့အကြုံတွေက သင်ကြားခံခဲ့ရတာပါ ။ လူကြီးတွေက သင်ပေးခဲ့တာကြောင့် ဖြစ်တာကြောင့်မို့ ပြန်လည်ပြီးတော့လည်း မေးခွန်းမထုတ်ခဲ့ကြပါဘူး ။ ရုတ်တရက် ကြုံတွေ့လာရင် လူအများစု လုပ်လိုက်မိတဲ့ အမှားအချို့ကို ဆရာဝန်တွေက မလုပ်သင့်ကြောင်း ရှင်းပြခဲ့ကြပါတယ် ။ ဆရာဝန်တွေ က မလုပ်သင့်ဘူးလို့ တားမြစ်ထားတဲ့ အရာတွေကဘာလဲ ဆိုတာ ဆက်လက် ဖတ်ရှုလိုက်ပါဦးနော် ။

၁ ။ ကလေးရဲ့ အစားအသောက်တွေကို အေးအောင် မမှုတ်ပေးပါနှင့် ။

ကလေးရဲ့ အစားအသောက်တွေကို မှုတ်ပေးတာ ၊ ကလေးပါးစပ်ကို မိမိရဲ့ ပါးစပ်နှင့် ထိတွေ့ထားတွေကို ကိုက်မိစေတာ တွေဟာ ကိုယ့်မှာ ရှိတဲ့ ဘက်တီးရီးယားတွေကို ကလေးဆီ ပို့ဆောင်နေသလိုပါပဲ ။ ဒါကြောင့်မို့ ကလေးကို အစားအစာကျွေးတဲ့အခါမှာ အေးအောင် ပါးစပ်နှင့် မမှုတ်ပေးဘဲ သဘာဝအတိုင်း အအေးခံပေးပြီးမှသာ ကလေးကို ကျွေးသင့်တာပါ ။

၂ ။ နှာခေါင်းသွေးလျှံရင် ခေါင်းကို အပေါ်မော့လိုက်တာ

နှာခေါင်းသွေးလျှံတဲ့အခါမှာ ခေါင်းကို အပေါ်မော့လိုက်တာဟာ သွေးတွေဟာ သင့်နှာခေါင်းမှာ ပိတ်ဆို့ပြီး အသက်မရှုနိုင် ဖြစ်သွားပါလိမ့်မယ် ။ နှာခေါင်း သွေးလျှံလာပြီဆိုရင်တော့ နှာခေါင်းကို လက်နှင့် အသာအယာ ဖိညှစ်ပေးပြီး ခေါင်းကို တည့် တည့်ထားပေးရမှာပါ ။

၃ ။ ရုတ်တရက် မူးဝေလဲကျသွားသူကို အပေါ်သို့ မ မလိုက်ပါနှင့် ။

ရုတ်တရက် မူးဝေလဲကျသွားသူတွေဟာ သွေးဖိအား ရုတ်တရက် နည်းသွားပြီး ဦးနှောက်ဆီသို့သွေးမရောက်တာကြောင့်ပဲဖြစ်ပါတယ် ။ ဒါကြောင့် ရုတ်တရက် မူးလဲသွားသူကို ပွေ့မလိုက်မယ်ဆိုရင် ဦးနှောက်ကို သွေးရောက်နှုန်းက ပိုနည်းသွားမှာပါ ။ ရုတ်တရက် မူးလဲ သွားတဲ့သူကို မြင်ပါက လှဲလျောင်းပေးထားပြီး ရင်ဘက်က ခေါင်းထက် ပိုမြင့်နေစေဖို့လုပ်ပေးပါ ။ ပြီးရင်တော့ အရေးပေါ်ကို ချက်ချင်း ဖုန်းဆက်ပေးပြီး အမြန်ဆုံးဆေးရုံကို ပို့ပေးပါ ။

၄ ။ မြွေကိုက်ခံရရင် အဆိပ်ကို ပါးစပ်နှင့် စုတ်မထုတ်ပါနှင့် ။

မြွေကိုက်ခံရတဲ့ အခါမှာ အဆိပ် ထွက်သွားအောင် ပါးစပ်နှင့် စုပ်ထုတ် ပစ်တာဟာ အဆိပ်တွေ ထွက်သွားမှာ မဟုတ်တဲ့အပြင် အချိန်တွေကို ပိုကြာသွားစေနိုင်ပါတယ် ။ ဒါကြောင့် မြွေကိုက်ခံရတဲ့ လူနာကို အဆိပ် စုတ်ထုတ်ဖို့ မကြိုးစားဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းသို့ အမြန်ဆုံး ပို့ဆောင်ပေးပါ ။

၅ ။ အစားစားပြီးပြီးချင်း သွားတိုက်တာ

အစားစားပြီးချင်း သွားတိုက်တာဟာ ကြွေသွားတွေကို ပျက်စီးစေတာပဲ ဖြစ်ပါတယ် ။ အစားအစာပြီးလို့ ခံတွင်းနှင့် သွားကို သန့်ရှင်းချင်တယ်ဆိုရင် ရေဖြင့် အရင် ပလုပ်ကျင်းပေးပြီး မိနစ် ၄၀ လောက်အကြာမှ သာ သွားတိုက်ပေးသင့်ပါတယ် ။

Credit-MNPLp
ဆရာဝန္ေတြကမလုပ္သင့္ဘူးလို႔ သတ္မွတ္ထားေပမယ့္ လူအမ်ားစု လုပ္မိေနတတ္ၾကတဲ့ အမွားမ်ား ဆရာဝန္ေတြကမလုပ္သင့္ဘူးလို႔ သတ္မွတ္ထားေပမယ့္ လူအမ်ားစု လုပ္မိေနတတ္ၾကတဲ့ အမွားမ်ား Reviewed by Myanmar channel on 1月 18, 2020 Rating: 5

沒有留言:

技術提供:Blogger.