ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားခြင်းက သွေးတိုးခြင်းနဲ့ ကိုလက်စထရော များခြင်းလိုမျိုး ကျန်းမာရေး အန္တရာယ်တွေ ဖြစ်နိုင်ခြေကို နည်းစေပြီး သင့်ကို ကျန်းမာကြံ့ခိုင်စေပါတယ်။
သင့်ခန္ဓာကိုယ်ဟာ နေ့စဉ်အာဟာရ အမျိုး ၄၀ ကျော်ကိုလို အပ်ပါတယ်။
ဒါကြောင့် သင်စားတဲ့ အစာတွေဟာ အမျိုးမျိုး ဖြစ်သင့်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်မျိုစုံ ပါဝင်ဖို့ လိုအပ်ပါတယ်။ ငါး၊ အဆီနည်း အသားနဲ့ အဆီနည်း နို့ထွက်ပစ္စည်းတွေကို စားသောက်ပေးပါ။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို တတ်နိုင်သမျှ သဘာဝအတိုင်းစားပါ။ ပြုပြင်ဖန်တီး ထုတ်လုပ်ထားတဲ့ ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကွတ်စတာတွေကို တတ်နိုင်သမျှ လျှော့စားပါ။
လေ့လာမှုတွေ အရ အစာကို နည်းနည်းနဲ့ မကြာခဏ စားခြင်းဟာ သင့်ရဲ့ ဇီဝ ဖြစ်ပျက်နှုန်းကို မြန်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် နည်းနည်းနဲ့ မကြာခဏ စားတဲ့ အတွက် သင်ဟာ စိတ်ကျေနပ်မှု ပိုရပြီး တစ်နေ့လုံး ဗိုက်ပြည့်နေသလို ခံစားရတဲ့အတွက် အလွန်အကျွံ စားမိနိုင်ခြေ နည်းသွားပါတယ်။ သင့်ရဲ့ ကယ်လိုရီနဲ့ အာဟာရတွေကို တစ်နေ့လုံး ညီညီမျှမျှ ရရှိဖို့ ကြိုးစားပါ။
အဆီလောင်ကျွမ်းတဲ့ အကောင်းဆုံး အကျိုးကျေးဇူးကို ရဖို့ အတွက် အစာစားတိုင်း ပရိုတင်း (အသားဓာတ်) နည်းနည်းစီ ပါဝင်အောင် စားပါ။ ပရိုတင်းကို အစာချေဖျက်ဖို့ အတွက် စွမ်းအင်လိုအပ်တဲ့ အတွက် အဆီတွေကို လောင်ကျွမ်းဖို့ ကူညီပါတယ်။ အစာချေဖျက်ဖို့ ကယ်လိုရီတွေကို ပိုသုံးရလေ၊ လောင်ကျွမ်းကုန်ဆုံးတဲ့ ကယ်လိုရီ ပိုများလေ၊ အဆီတွေ ပိုမိုလောင်ကျွမ်းလေ ဖြစ်ပြီး သင့်ဝမ်းဗိုက်က အဆီတွေ ပိုလျော့ကျလေ ဖြစ်ပါတယ်။
Mg Mandalay
https://www.facebook.com/mg.mandalay
ကျန်းမာရေးအတွက်လည်း ကောင်းမယ် ဗိုက်အဆီတွေလည်း ကျမယ်
Reviewed by Myanmar channel
on
2月 13, 2020
Rating:
Reviewed by Myanmar channel
on
2月 13, 2020
Rating:

沒有留言: