အခ်စ္ခံရတယ္ဆိုတာ လံုျခံဳေႏြးေထြးတဲ့ ခံစားခ်က္ကိုျဖစ္ေစျပီး ကေလးတစ္ေယာက္ကို ေကာင္းေကာင္းမြန္မြန္ၾကီးျပင္းလာဖို႕ အေထာက္အကူေကာင္းျဖစ္ေစပါတယ္။ တကယ္လို႕ ကေလးဘဝမွာ အျပည့္အဝ အခ်စ္မခံခဲ့ရဘူးဆိုရင္ အသက္ၾကီးလာတဲ့အခါ ဒါေတြျဖစ္လာမွာပါေနာ္
(၁) လူေတြကို အရမ္းေအာက္က်ိဳ႕လြန္းတယ္
ကိုယ့္ေၾကာင့္ တစ္ဖက္သားအဆင္မေျပျဖစ္သြားမွာစိုးရိမ္ေနတတ္ျပီး ေနရာတိုင္းမွာေအာက္က်ိဳ႕ေနတတ္တယ္။ ဒီလိုလုပ္တာဟာ လူေတြကိုေၾကာက္လို႕၊ ဖားခ်င္လို႕ မဟုတ္ဘဲ ကိုယ့္ကို အျမင္ေစာင္းသြားမွာမလိုလားလို႕ျဖစ္ပါတယ္။
(၂) သူမ်ားနဲ႕ကြဲလြဲေနတဲ့အေတြးအျမင္
ငယ္စဥ္က လံုလံုေလာက္ေလာက္ အခ်စ္မခံခခဲ့ရသူေလးေတြဟာ အေၾကာင္းအရာအျဖစ္အပ်က္ေတြေနဲ႕ ပတ္သက္လို႕ သူမ်ားနဲ႕မတူကြဲလြဲေနတဲ့အေတြးအျမင္မ်ိဳး ရွိတတ္ပါတယ္။ ဒါေၾကာင့္ သူတို႕ေတြဟာ တျခားလူေတြနဲ႕ သိပ္ေပါင္းလို႕မရဘဲ မ်ားေသာအားျဖင့္ တစ္ေယာက္တည္းျဖစ္ေနတတ္ပါတယ္။
(၃) ကိုယ့္ဘဝထဲ လူေတြဝင္လာဖို႕ခြင့္မျပဳခ်င္ဘူး
သူစိမ္းေတြနဲ႕ မရင္းႏွီီးလြယ္တဲ့သူေတြျဖစ္လို႕ သူငယ္ခ်င္းရဖို႕လည္း ခက္ခဲတယ္၊ ခ်စ္သူရဖို႕လည္း ခက္ခဲတတ္ပါတယ္။ ဒါေၾကာင့္ သူငယ္ခ်င္းတစ္ေယာက္တည္းကိုစြဲစြဲျမဲျမဲခင္ေနတတ္တာမ်ိဳး၊ ခ်စ္သူရွိလာရင္လည္း ခ်စ္သူတစ္ေယာက္ကလြဲျပီး ဘယ္သူနဲ႕မွ အဆက္အသြယ္မလုပ္တာမ်ိဳးျဖစ္တတ္ပါတယ္္။
(၄) မရည္ရြယ္ပဲျပႆနာလုပ္မိသူျဖစ္ေနတယ္
သူတို႕ေလးေတြဟာ တမင္မရည္ရြယ္ပါဘဲ ျပႆနာလုပ္မိတဲ့သူေလးေတြျဖစ္ေနတတ္ပါတယ္။ စကားတစ္ခြန္းေျပာလိုက္တာနဲ႕ျပႆနာျဖစ္ဖို႕ ဦးတည္သြားတတ္လို႕ တျခားလူေတြနဲ႕ စကားေျပာဖို႕ကိုေတာင္ေနာက္တြန္႕ေနတတ္ၾကပါတယ္။
(၅) ခံစားခ်က္ကို မထုတ္ျပတတ္ဘူး
ငယ္စဥ္က လံုေလာက္တဲ့ ခ်စ္ျခင္းေမတၱာမရတဲ့သူေလးေတြဟာ ကိုယ္တိုင္လည္း တျခားသူေတြအေပၚ ဘယ္လိုခ်စ္ရမွန္းမသိျဖစ္ေနတတ္ပါတယ္။ သူတို႕ခ်စ္တာကို ထုတ္ျပဖုိ႕ ဝန္ေလးေနတတ္ျပီး ၊ သူတို႕ရဲ႕ ခံစားခ်က္ကို ဘယ္လိုုထုတ္ျပရမွန္းကို မသိတာမ်ိဳးပါ။
(၆) ဘယ္သူ႕ကိုမွမယံုဘူး
ကိုယ့္ကို ခင္တယ္ထင္လို႕ သူငယ္ခ်င္းလို႕ သတ္မွတ္ျပီးမွ ေနာက္ေက်ာဓားနဲ႕ အထိုးခံရမွာမ်ိဳး၊ ကိုယ့္ကို ခ်စ္တယ္လို႕ေျပာျပီး သစၥာေဖာက္သြားမွာမ်ိဳးကို လံုးဝမခံစားနိုင္တဲ့သူေလးေတြျဖစ္ပါတယ္။ သူတို႕အတြက္ လူေတြကို မယံုတာက ထံုးစံလိုျဖစ္ေနျပီး ကိုယ္ယံုၾကည္ျပီးမွ ယံုၾကည္မႈကို အလြဲသံုးစားလုပ္တာခံရမွာကို အလြန္အကြ်ံစိုးရိမ္ေနတတ္သူေတြပါ။
(၇) ကိုယ့္ကိုယ္ကိုေတာ္တယ္လို႕ ဘယ္တုန္းကမွမခံစားခဲ့ရဘူး
သူတို႕ေလးေတြဟာ ပညာေရးမွာ၊ အလုပ္ခြင္မွာ တတ္နိုင္သေလာက္ ၾကိဳးစားတတ္ၾကေပမယ့္ သူတို႕ကိုယ္သူတို႕ေတာ္တယ္၊ ျပည့္စံုတယ္လို႕ ဘယ္တုန္းကမွ မခံစားခဲ့ဖူးဘူး။ တစ္ေယာက္ေယာက္က ခ်ီးက်ဴးစကားေျပာလာရင္လည္း မယံုသလိုျဖစ္ေနျပီး ဘယ္လိုတံု႕ျပန္ရမွန္းမသိဘူး။ ကိုယ့္ကိုယ္ကို ခ်ီးက်ဴးရေလာက္ေအာင္ အရည္အခ်င္းမရွိဘူးလို႕ထင္ေနတတ္ၾကပါတယ္။
ခရက္ဒစ္ အန္တီေမ
Unicode
အချစ်ခံရတယ်ဆိုတာ လုံခြုံနွေးထွေးတဲ့ ခံစားချက်ကိုဖြစ်စေပြီး ကလေးတစ်ယောက်ကို ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ အထောက်အကူကောင်းဖြစ်စေပါတယ်။ တကယ်လို့ ကလေးဘဝမှာ အပြည့်အဝ အချစ်မခံခဲ့ရဘူးဆိုရင် အသက်ကြီးလာတဲ့အခါ ဒါတွေဖြစ်လာမှာပါနော်
(၁) လူတွေကို အရမ်းအောက်ကျို့လွန်းတယ်
ကိုယ့်ကြောင့် တစ်ဖက်သားအဆင်မပြေဖြစ်သွားမှာစိုးရိမ်နေတတ်ပြီး နေရာတိုင်းမှာအောက်ကျို့နေတတ်တယ်။ ဒီလိုလုပ်တာဟာ လူတွေကိုကြောက်လို့၊ ဖားချင်လို့ မဟုတ်ဘဲ ကိုယ့်ကို အမြင်စောင်းသွားမှာမလိုလားလို့ဖြစ်ပါတယ်။
(၂) သူများနဲ့ကွဲလွဲနေတဲ့အတွေးအမြင်
ငယ်စဉ်က လုံလုံလောက်လောက် အချစ်မခံခခဲ့ရသူလေးတွေဟာ အကြောင်းအရာအဖြစ်အပျက်တွေနေဲ့ ပတ်သက်လို့ သူများနဲ့မတူကွဲလွဲနေတဲ့အတွေးအမြင်မျိုး ရှိတတ်ပါတယ်။ ဒါကြောင့် သူတို့တွေဟာ တခြားလူတွေနဲ့ သိပ်ပေါင်းလို့မရဘဲ များသောအားဖြင့် တစ်ယောက်တည်းဖြစ်နေတတ်ပါတယ်။
(၃) ကိုယ့်ဘဝထဲ လူတွေဝင်လာဖို့ခွင့်မပြုချင်ဘူး
သူစိမ်းတွေနဲ့ မရင်းနှီးလွယ်တဲ့သူတွေဖြစ်လို့ သူငယ်ချင်းရဖို့လည်း ခက်ခဲတယ်၊ ချစ်သူရဖို့လည်း ခက်ခဲတတ်ပါတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်တည်းကိုစွဲစွဲမြဲမြဲခင်နေတတ်တာမျိုး၊ ချစ်သူရှိလာရင်လည်း ချစ်သူတစ်ယောက်ကလွဲပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်တာမျိုးဖြစ်တတ်ပါတယ်။
(၄) မရည်ရွယ်ပဲပြဿနာလုပ်မိသူဖြစ်နေတယ်
သူတို့လေးတွေဟာ တမင်မရည်ရွယ်ပါဘဲ ပြဿနာလုပ်မိတဲ့သူလေးတွေဖြစ်နေတတ်ပါတယ်။ စကားတစ်ခွန်းပြောလိုက်တာနဲ့ပြဿနာဖြစ်ဖို့ ဦးတည်သွားတတ်လို့ တခြားလူတွေနဲ့ စကားပြောဖို့ကိုတောင်နောက်တွန့်နေတတ်ကြပါတယ်။
(၅) ခံစားချက်ကို မထုတ်ပြတတ်ဘူး
ငယ်စဉ်က လုံလောက်တဲ့ ချစ်ခြင်းမေတ္တာမရတဲ့သူလေးတွေဟာ ကိုယ်တိုင်လည်း တခြားသူတွေအပေါ် ဘယ်လိုချစ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ သူတို့ချစ်တာကို ထုတ်ပြဖို့ ဝန်လေးနေတတ်ပြီး ၊ သူတို့ရဲ့ ခံစားချက်ကို ဘယ်လိုထုတ်ပြရမှန်းကို မသိတာမျိုးပါ။
(၆) ဘယ်သူ့ကိုမှမယုံဘူး
ကိုယ့်ကို ခင်တယ်ထင်လို့ သူငယ်ချင်းလို့ သတ်မှတ်ပြီးမှ နောက်ကျောဓားနဲ့ အထိုးခံရမှာမျိုး၊ ကိုယ့်ကို ချစ်တယ်လို့ပြောပြီး သစ္စာဖောက်သွားမှာမျိုးကို လုံးဝမခံစားနိုင်တဲ့သူလေးတွေဖြစ်ပါတယ်။ သူတို့အတွက် လူတွေကို မယုံတာက ထုံးစံလိုဖြစ်နေပြီး ကိုယ်ယုံကြည်ပြီးမှ ယုံကြည်မှုကို အလွဲသုံးစားလုပ်တာခံရမှာကို အလွန်အကျွံစိုးရိမ်နေတတ်သူတွေပါ။
(၇) ကိုယ့်ကိုယ်ကိုတော်တယ်လို့ ဘယ်တုန်းကမှမခံစားခဲ့ရဘူး
သူတို့လေးတွေဟာ ပညာရေးမှာ၊ အလုပ်ခွင်မှာ တတ်နိုင်သလောက် ကြိုးစားတတ်ကြပေမယ့် သူတို့ကိုယ်သူတို့တော်တယ်၊ ပြည့်စုံတယ်လို့ ဘယ်တုန်းကမှ မခံစားခဲ့ဖူးဘူး။ တစ်ယောက်ယောက်က ချီးကျူးစကားပြောလာရင်လည်း မယုံသလိုဖြစ်နေပြီး ဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး။ ကိုယ့်ကိုယ်ကို ချီးကျူးရလောက်အောင် အရည်အချင်းမရှိဘူးလို့ထင်နေတတ်ကြပါတယ်။
ခရက်ဒစ် အန်တီမေ
ကေလးဘဝတုန္းက လံုလံုေလာက္ေလာက္ အခ်စ္မခံရသူေတြမွာ ေတြ႕ရတဲ့ လကၡဏာ (7) မ်ဳိး ..
Reviewed by Myanmar channel
on
3月 07, 2020
Rating:

沒有留言: