ချောင်းခြောက်ဆိုးကာ သလိပ်မရပဲ ရင်ဘတ်နာနေသူများအတွက် ဆေးဝါးမပါ ဓာတ်စာနှင့် အဆင်ပြေပျောက်ကင်းစေသည့် နည်း
Unicode
ချောင်းခြောက်ဆိုး သလိပ်မရပဲ ခံတွင်းပျက်ခြင်းအတွက် လွယ်ကူသက်စေသောနည်း
ဆေးလိပ်သောက်သုံးသူများ၊ အပူအအေးမမျှတ လုပ်ကိုင်နေထိုင်ရသူများ၊ ရေသောက်နည်းသူများ၊ စက်ရုံ ကား.ယာဉ်အမျိုးမျိုးမှ ကာဗွန်ဒိုင်များရှုရှိုက်နေရသူများ
သဘာဝအသီးအနှံမဟုတ်ပဲ ဓာတုဆေးအသီးအနှံအရွက်များ စားသုံးနေရသူများ
မြေပဲဆန်အစိမ်းစားသူများသည် ချောင်းခြောက်ဆိုးကာ သလိပ်မရပဲ ရင်ဘတ်နာ ခံတွင်းပျက်ဖြစ်လာပါသည်
ထိုသို့ကြုံတွေ့ခံစားနေရသူများအတွက် ဆေးဝါးမပါ ဓာတ်စာနှင့် အဆင်ပြေပျောက်ကင်းစေသည့် နည်းစနစ်တင်ပြလိုက်ပါသည်
အလွန်လွယ်ကူပြီး တကူးတကပြုလုပ်ရန်မလိုပဲ သက်သာပျောက်ကင်းသောနည်းမှာ
နံနက်အိပ်ရာကထ မျက်နှာသစ်ပြီးနောက် ကော်ဖီ လက်ဖက်ရည် နွားနို့မသောက်ပဲ ထမင်းရည်တစ်ဇလုံထဲတွင် ပျားရည်စစ်စစ် ထမင်းစားဇွန်းတစ်ဇွန်း ထည့်ဖျော်သောက်ပေးရပါမည်
နံနက်ထမင်းကို စားနိုင်သည်ထက် တစ်လုတ် နှစ်လုတ်လျှော့စားပါ
ထိုနောက် ဖီးကြမ်းငှက်ပျောသီးမှည့်ကို မီးဖုတ်ပြီး တစ်လုံးစားပေးပါ ( ငှက်ပျောသီး မီးဖုတ်လျှင် သွားကြားထိုးတုတ်ဖြင့် လေးငါးပေါက်ဖောက်ပေးရမည် ထိုသိုမလုပ်လျှင် ငှက်ပျောသီး ဖောင်းကနဲ ပေါက်တတ်သည် )
ရေနွေးကြမ်းသောက်ရပါမည် ရေအေးမသောက်ရပါ
အထက်ပါအတိုင်း တစ်ပါတ်ဆယ်ရက်စားပေးလျှင် အဆင်ပြေသက်သာ လက်တွေ့ပျောက်ကင်းပါသည်
စေတနာဖြင့် Phyo Wai Thant
၂၀၁၆ ဇူလိုင်လထုတ် သူရဇ္ဇမဂ္ဂဇင်းမှ ကူးယူဝေမျှသည်
ချောင်းခြောက်ဆိုးကာ သလိပ်မရပဲ ရင်ဘတ်နာနေသူများအတွက် ဆေးဝါးမပါ ဓာတ်စာနှင့် အဆင်ပြေပျောက်ကင်းစေသည့် နည်း
Reviewed by Myanmar channel
on
3月 07, 2020
Rating:

沒有留言: