တင်းတိပ်တွေကို ယူပစ်သလို ပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်း (၅) မျိုး


မျက်နှာပေါ် အမည်းစက် ရှိနေတာက မျက်နှာအလှကို မပေါ်လွင်စေပါဘူး။ တင်းတိတ်ဖြစ်နေရင် အရမ်းကို စိတ်ညစ် ရပါတယ်။ တင်းတိတ်ကို မိတ်ကပ်ရည်နဲ့ ဖုံးဖို့ ကြိုးစားနေတာထက်စာရင် သဘာဝအတိုင်း ပျောက်ကင်းသွားအောင် ပြုလုပ်နိုင်ပါတယ်။ တင်းတိပ်တွေ ကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်းတွေ ကတော့….

(၁) သံပရိုရည် ”

ပါဝင်ပစ္စည်းများ – သံပရိုရည် ၊ ဂွမ်း

သံပရိုသီးကို အရည်ညှစ်ထုတ်ပေးပါ။

ရလာတဲ့အရည်ကိုခွက်ထဲ ထည့်ပေးပါ။

ဂွမ်းနဲ့ သံပရိုရည်ကိုတို့ပြီး တင်းတိတ်ပေါ် လိမ်းပေးပါ။

(၁၅-၂၀) မိနစ်လောက် နှပ်ထားပေးပြီး မျက်နှာသစ်ပေးပါ။

တစ်ပတ်ကို (၂) ကြိမ် ပြုလုပ်ပေးပါ …။

(၂) ရှားစောင်းလက်ပပ် ”

ပါဝင်ပစ္စည်းများ – ရှားစောင်းလက်ပပ်အနှစ် (စားပွဲတင်ဇွန်း ၁ ဇွန်း)

ရှားစောင်းလက်ပပ်အနှစ် ကို မျက်နှာ နဲ့ လည်ပင်း ပေါ် လိမ်းပေးပါ။

(၁၅-၂၀) မိနစ်လောက် နှပ်ထားပေးပြီး ရိုးရိုးရေနဲ့ ဆေးပေးပါ။

နေ့တိုင်းလုပ်ပေးပါ …။

(၃) ဒိန်ချဉ် ”

ပါဝင်ပစ္စည်းများ – ဒိန်ချဉ် (စားပွဲတင်ဇွန်း ၂-၃ ဇွန်း)

ဒိန်ချဉ်ကို တင်းတိတ်နေရာမှာ လိမ်းပေးပါ။

(၁၅-၂၀) မိနစ်လောက် နှပ်နယ်ပေးပါ။

ရေနဲ့ မျက်နှာသစ်ပေးပါ။

နေ့တိုင်း လုပ်ပေးပါ …။

(၄) ပျားရည် ”

ပါဝင်ပစ္စည်းများ – သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ ပျားရည် (စားပွဲတင်ဇွန်း ၁ ဇွန်း)

အနှစ်ပြစ်ပြစ်ဖြစ်အောင် ပျားရည် နဲ့ သံပရိုရည်ကို ရောပေးပါ။

ရလာတဲ့အနှစ်နဲ့ တင်းတိတ်နေရာကို လိမ်းပေးပါ။

(၁၅-၂၀) မိနစ်နေရင် မျက်နှာသစ်ပေးပါ။

တစ်ပတ်ကို (၂) ကြိမ်လုပ်ပေးပါ …။

(၅) နနွင်းမှုန့် ”

ပါဝင်ပစ္စည်းများ – နနွင်းမှုန့် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ၊ သံပရိုရည် (လက်ဖက်ရည်ဇွန်း ၁ ဇွန်း)

အနှစ်ဖြစ်အောင် နနွင်းးမှုန့် နဲ့ သံပရိုရည်ကိုရောပေးပါ။

အနှစ်ရလာရင် တင်းတိတ်ပေါ် လိမ်းပေးပြီး ခြောက်အောင်စောင့်ပေးပါ။

ရေနဲ့ ဆေးပေးပါ။

အပတ်တိုင်း (၁) ကြိမ်လုပ်ပေးပါ …။

#အန်တီမေ

ကျန်းမာရေး / ဗဟုသုတ

တင်းတိပ်တွေကို ယူပစ်သလို ပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်း (၅) မျိုး တင်းတိပ်တွေကို ယူပစ်သလို ပျောက်ကင်းစေနိုင်တဲ့ သဘာဝ နည်းလမ်း (၅) မျိုး Reviewed by Myanmar channel on 12月 28, 2019 Rating: 5

沒有留言:

技術提供:Blogger.