အမျိုးသားသန္ဓေအောင်ခြင်းကို ထိခိုက်စေမည့်အကြောင်းများ


အမျိုးသားတွေရဲ့ အသက်ရှင်နေစဉ်ကာလအတွင်း ကျားအင်္ဂါဇာတ်က သုက်သွေးတွေထုတ်ပေးနိုင်တဲ့စွမ်းရည်ကို အစကနဦး တည်းကပင် သဘာဝအလျောက်ပြဌာန်းထားပြီးသား ဖြစ်ပါတယ်။ တချို ့မှာ မွေးရာပါအင်္ဂါဇာတ်ရောဂါအမျိုးမျိုး(ဥပမာ သုက် ရည်ပြွန်၊ ဝှေးစေ့၊ ကပ္ပါယ်အိတ် ရောဂါပြဿနာ) တို ့ကြောင့် မည်သို ့ပင် ခွဲစိပ်ပြုပြင်၍ ပဋိဇီဝဆေးဝါးမှီဝဲပါသော်လည်း ဘဝ တစ်သက်တာအတွက် ဖခင်ဖြစ်ခွင့်မရှိနိုင်ပါဘူး။ တချို ့ကတော့မွေးရာပါ ကျားစွမ်းဆောင်ရည် ချို ့ယွင်းချက်မရှိသော်လဲ၊ အနေ အထိုင် စားသောက်မှု အမူအကျင့်များ မှားယွင်းမှုကြောင့် ကျားစွမ်းဆောင်ရည်ပျက်စီးသွားကာ သန္ဓေမအောင်ခြင်းပြဿနာ နှင် ့ကြုံတွေ ့လာရပါတယ်။ အောက်ပါ အကြောင်းရင်းများကို လေ့လာမှတ်သား၍ သတိပြုဆင်ခြင်သင့်ပါတယ်။

(၁) အရက် အလွန်အကျုးသောက်ခြင်း 

၄၈ နာရီအတွင်းမှာ အရက်ရှစ်ပုလင်းထက် ပိုသောက်မိပါက သုက်သွေးထုတ်လုပ်မှုမှာ အဆိပ်သင့်စေပါတယ်။ ဘီယာထဲရှိ အပင်မှရသော အက်စထရိုဂျင်ဟာ အမျိုးသမီးဟိုမုန်းတွေကို ဟန်ဆောင်အတုအပလုပ်နိုင်ပြီး၊ အမျိုးသားတွေမှာတော့ သန္ဓေ မအောင်နိုင်စေတော့ပါဘူး။ ဒါကြောင့် အမျိုးသား အမျိုးသမီးအားလုံးအတွက် ကောင်းကျိုးမပြုတဲ့ အရက်သေစာများကို လွန် ကဲစွာသောက်သုံးခြင်းမှ ရှောင်ကျဉ်ပါ။

(၂) ကော်ဖီ

လေ့လာ စမ်းစစ်ချက်များအရ၊ကော်ဖီက အမျိုးသမီးတွေရဲ ့ သန္ဓေအောင်မြင်မှုကို လျော့နည်းစေသော်လဲဘဲ၊အမျိုးသားတွေရဲ ့သုက်သွေးထုတ်လုပ်မှုက်ိုတော့ လှံု ့ဆော်ပေးနိုင်တယ်လို့ဆိုထားပါတယ်။ သို ့သော် ဘက်စုံကျန်းမာရေး ကောင်းမွန်စေဖို ့ အတွက်၊ အရွယ်ရောက်ပြီးသူ အမျိုးသားတိုင်းဟာ တစ်နေ ့လျှင် ကော်ဖီ ၃-ခွက်ထက် ပို၍မသောက်သင့်ပါဘူး။ ကဖိန်းဓာတ် ပါသောကိုလာအချိုရည်များဟာလည်း ထိုနည်း၄င်းဘဲ ဖြစ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းဟာ (က) သုက်ကောင်ရဲ ့အမြှေး(ခေါ်)အပေါ်ယံအလွှာ မင်ဘရိန်းကိုဖျက်ဆီးပစ်ပါတယ် (ခ) အမမျိုးဥ ဆီ သို ့ အရောက်ရွေ ့လျာနိုင်တဲ့ စွမ်းရည်ကိုလည်း ဖျက်ဆီးပစ်ပါတယ် (ဂ) ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုအတွက် လွန်စွာ အရေးပါတဲ့ ဗီတာမင်စီကိုလည်း ထိခိုက်ဆုံးရှုံးစေပါတယ်။

(၄) ရေပူချိုးုခြင်း 

ရေပူထဲမှာစိမ်၍ချိုးခြင်းကကျန်းမာတဲ့သုက်သွေးထုတ်လုပ်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ရေပူထဲမှာ အကြာကြီးထိုင်၍ စိမ်ချိုးခြင်းမျိုးမှ ရှောင်ကျဉ်ပါ။ ကွန်ပြူတာလပ်ပ်တော့ပ်(lap top) ကို ပေါင်ပေါ်တင်၍ အသုံးပြုခြင်းကလည်း အချိန်ကြာ လာတာနဲ ့အမျှှ ပေါင်နှင့် လိင်အင်္ဂါများကို အပူဟပ်စေတာကြောင့် အမျိုးသားများသန္ဓေမအောင်ခြင်း နှင့် ဆက်စပ်မှုရှိနေလို ့ အထူး သတိပြုသင့်ပါတယ်။

(၅) တင်းကျပ်တဲ့ အတွင်းခံအဝတ်အစားများ

တင်းကျပ်တဲ့ အတွင်းခံဘောင်းဘီများ နှင့် ချွေးအောင်း အပူလောင်စေတတ်တဲ့ နိုင်လွန်ဘောင်းဘီမျိုးတွေကို မဝတ်ပါနှင့်။ ဝှေး စေ့ဟာ ခန္ဓာကိုယ်ဗဟိုချက် အပူချိန်ထက်ပိုပြီး အေးနေဖို ့လိုအပ်ပါတယ်။ ဒါ့ပြင် ကပ်ပယ်အိတ်အရည်ခွံဟာ သိပ်ပါးပြီး၊ ထပ် ဆင့်ထုတ်ပေးတဲ့ အစိပ်အပိုင်းဟာလည်းအပြင်ဖက်မှာရှိနေတာကြောင့် အင်္ဂါဇာတ်ကို အပူလောင်စေတတ်ပါတယ်။ 

(၆) အချိန်ကြာကြာ ထိုင်ခြင်း 

ဥပမာ ကားကြာကြာမောင်းနှင်ခြင်း၊ စားပွဲခုံမှာ အချိန်အကြာကြီးထိုင်ခြင်း၊ လှုပ်ရှာမှုနည်း၍ အညောင်းထိုင်ခြင်းတို ့ကလည်း အမျိုးသားများ သန္ဓေအောင်နိုင်မှု စွမ်းရည်ကို အဟန် ့အတားဖြစ်စေပါတယ်။ ဒါကြောင့် ရက်သတ္တ ၁-ပတ်မှာ အနည်းဆုံး ၄-ကြိမ်ခန် ့ စက်ဘီးစီး၊ လမ်းသွက်သွက်လျှောက်၊ အပြေး စတဲ့ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ လုပ်ပေးခြင်းအားဖြင့် သွေးလည် ပတ်မှုကောင်းလာစေပြီး ကျန်းမာတဲ့ သုက်သွေးထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။

(၇) စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများလာတဲ့အခါမှာ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ အလိုအလျောက်စိမ့်ထွက်လာပါတယ်။ ၄င်းဟိုမုန်းတွေက သုက်သွေးထုတ်လုပ်မှုကို အဟန် ့အတားဖြစ်စေပါတယ်။

(၈) ပြည့်ဝဆီတွေ စားသုံးခြင်း 

၀က်ဆီ၊ အမဲဆီ၊ ကြက်ဘဲ အရေခွံ စတဲ့တရိစ္ဆာန်မှထွက်ရှိတဲ့ အဆီများ နှင့် ထပ်ခါထပ်ခါပြန်ကြော်ထားတဲ့ အဆီများကို စား သုံးပြီးနောက်၊ ခန္ဓာကို်ယ်ထဲရောက်သွားတဲ့အခါ ၄င်းအဆီများက ခဲဆိပ်သတ္တုတွေအဖြစ် ဓာတ်ပြောင်းလဲသွားပြီး သန္ဓေသားအောင် ခြင်းကို ကြီးစွာသော အနှောင့်အယှက်ဖြစ်စေပါတော့တယ်။

(၉) သင့်လျော်တဲ့အစားအစာများ မှီဝဲခြင်း 

အထက်ပါ သွားလာနေထိုင်စားသောက်မှုပုံစံ မှားယွင်းခြင်း၏ နောက်ဆက်တွဲပြဿနာအဖြစ် သုက်သွေးရဲ ့ ဒီအင်န်အေ

(DNA) ကို ပျက်စီးစေနိုင်ပါတယ်။ ထိုပြဿနာမှ ကြိုတင်ကာကွယ်ထားတဲ့အနေဖြင့် အမျိုးသားကျန်းမာရေးအတွက် သင့်လျော်တဲ့အစား အစာတွေကို စားပေးသင့်ပါတယ်။ (က) သွပ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများဖြစ်ကြသော အဆီမပါတဲ့ အနီရာင်အသား၊ ဂျံုကြမ်း၊ ပုစွန်ထုပ်၊ သစ်သီး သစ်ဥ သစ်ဖု၊ အစေ့အဆံ နှင့် မြေပဲများ (ခ) ဖောလစ်အက်ဆစ်ကြွယ်

၀တဲ့ အစားအစာ များဖြစ်ကြသော အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ (ဂ) ဓာတ်တိုးဆန် ့ကျင်ပစ္စည်းတစ်မျိုးဖြစ်သော ဆီလီနီယမ် ဓာတ်ကြွယ် ၀တဲ့ အစားအစာများဖြစ်ကြတဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပျစ်သီးများ (ဃ) ပရိုတင်းဓာတ်ကြွယ်ဝတဲ့ ကြက်ဥ အနှစ် တို ့ကို စားသုံးပါ။ (င) ဖော်ပြပါ အစားအစာများအပြင် လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်၍ ဗီတာမင်စီ၊ ဗီတာမင်ဒီ နှင့် ဗီတာမင်အီး ဆေးဝါးတို ့ကိုဖြည့်စွက်စာအဖြစ် သောက်ပါ။

(ဆောင်းပါးရှင်…ပေါက်ပေါက််..ရေးသားမျှဝေသည်)



အမ်ိဳးသားေတြရဲ ့ အသက္ရွင္ေနစဥ္ကာလအတြင္း က်ားအဂၤါဇာတ္က သုက္ေသြးေတြထုတ္ေပးနိုင္တဲ့စြမ္းရည္ကို အစကနဦး တည္းကပင္ သဘာ၀အေလ်ာက္ျပဌာန္းထားျပီးသား ျဖစ္ပါတယ္။ တခ်ိဳ ့မွာ ေမြးရာပါအဂၤါဇာတ္ေရာဂါအမ်ိဳးမ်ိဳး (ဥပမာ သုက္ ရည္ျပြန္၊ ေ၀ွးေစ့၊ ကပၸါယ္အိတ္ ေရာဂါျပႆနာ) တို ့ေၾကာင့္ မည္သို ့ပင္ ခြဲစိပ္ျပဳျပင္၍ ပဋိဇီ၀ေဆး၀ါးမွီ၀ဲပါေသာ္လည္း ဘ၀ တစ္သက္တာအတြက္ ဖခင္ျဖစ္ခြင့္မရွိနိုင္ပါဘူး။ တခ်ိဳ ့ကေတာ့ ေမြးရာပါ က်ားစြမ္းေဆာင္ရည္ ခ်ိဳ ့ယြင္းခ်က္မရွိေသာ္လဲ၊ အေန အထိုင္ စားေသာက္မႈ အမူအက်င့္မ်ား မွားယြင္းမႈေၾကာင့္ က်ားစြမ္းေဆာင္ရည္ပ်က္စီးသြားကာ သေႏၶမေအာင္ျခင္းျပႆနာ ႏွင္ ့ၾကံဳေတြ ့လာရပါတယ္။ ေအာက္ပါ အေၾကာင္းရင္းမ်ားကို ေလ့လာမွတ္သား၍ သတိျပဳဆင္ျခင္သင့္ပါတယ္။

(၁) အရက္ အလြန္အက်ဳးေသာက္ျခင္း
၄၈ နာရီအတြင္းမွာ အရက္ရွစ္ပုလင္းထက္ ပိုေသာက္မိပါက သုက္ေသြးထုတ္လုပ္မႈမွာ အဆိပ္သင့္ေစပါတယ္။ ဘီယာထဲရွိ အပင္မွရေသာ အက္စထရိုဂ်င္ဟာ အမ်ိဳးသမီးဟိုမုန္းေတြကို ဟန္ေဆာင္အတုအပလုပ္နိုင္ျပီး၊ အမ်ိဳးသားေတြမွာေတာ့ သေႏၶ မေအာင္နိုင္ေစေတာ့ပါဘူး။ ဒါေၾကာင့္ အမ်ိဳးသား အမ်ိဳးသမီးအားလံုးအတြက္ ေကာင္းက်ိဳးမျပဳတဲ့ အရက္ေသစာမ်ားကို လြန္ ကဲစြာေသာက္သံုးျခင္းမွ ေရွာင္က်ဥ္ပါ။

(၂) ေကာ္ဖီ
ေလ့လာ စမ္းစစ္ခ်က္မ်ားအရ၊ ေကာ္ဖီက အမ်ိဳးသမီးေတြရဲ ့ သေႏၶေအာင္ျမင္မႈကို ေလ်ာ့နည္းေစေသာ္လဲဘဲ၊ အမ်ိဳးသားေတြ ရဲ ့သုက္ေသြးထုတ္လုပ္မႈက္ိုေတာ့ လွံဳ ့ေဆာ္ေပးနိုင္တယ္လို ့ဆိုထားပါတယ္။ သို ့ေသာ္ ဘက္စံုက်န္းမာေရး ေကာင္းမြန္ေစဖို ့ အတြက္၊ အရြယ္ေရာက္ျပီးသူ အမ်ိဳးသားတိုင္းဟာ တစ္ေန ့လွ်င္ ေကာ္ဖီ ၃-ခြက္ထက္ ပို၍မေသာက္သင့္ပါဘူး။ ကဖိန္းဓာတ္ ပါေသာ ကိုလာအခ်ိဳရည္မ်ားဟာလည္း ထိုနည္း၄င္းဘဲ ျဖစ္ပါတယ္။

(၃) ေဆးလိပ္ေသာက္ျခင္း
ေဆးလိပ္ေသာက္ျခင္းဟာ (က) သုက္ေကာင္ရဲ ့အေျမွး(ေခၚ)အေပၚယံအလႊာ မင္ဘရိန္းကိုဖ်က္ဆီးပစ္ပါတယ္ (ခ) အမမ်ိဳးဥ ဆီ သို ့ အေရာက္ေရြ ့လ်ာနိုင္တဲ့ စြမ္းရည္ကိုလည္း ဖ်က္ဆီးပစ္ပါတယ္ (ဂ) က်န္းမာတဲ့ သုက္ေသြးထုတ္လုပ္မႈအတြက္ လြန္စြာ အေရးပါတဲ့ ဗီတာမင္စီကိုလည္း ထိခိုက္ဆံုးရံႈးေစပါတယ္။

(၄) ေရပူခ်ိဳးုျခင္း
ေရပူထဲမွာ စိမ္၍ ခ်ိဳးျခင္းက က်န္းမာတဲ့သုက္ေသြးထုတ္လုပ္မႈကို ထိခိုက္ေစနိုင္ပါတယ္။ ဒါေၾကာင့္ ေရပူထဲမွာ အၾကာၾကီးထိုင္၍ စိမ္ခ်ိဳးျခင္းမ်ိဳးမွ ေရွာင္က်ဥ္ပါ။ ကြန္ျပဴတာလပ္ပ္ေတာ့ပ္(lap top) ကို ေပါင္ေပၚတင္၍ အသံုးျပဳျခင္းကလည္း အခ်ိန္ၾကာ လာတာနဲ ့အမွွ် ေပါင္ႏွင့္ လိင္အဂၤါမ်ားကို အပူဟပ္ေစတာေၾကာင့္ အမ်ိဳးသားမ်ားသေႏၶမေအာင္ျခင္း ႏွင့္ ဆက္စပ္မႈရွိေနလို ့ အထူး သတိျပဳသင့္ပါတယ္။

(၅) တင္းက်ပ္တဲ့ အတြင္းခံအ၀တ္အစားမ်ား
တင္းက်ပ္တဲ့ အတြင္းခံေဘာင္းဘီမ်ား ႏွင့္ ေခြ်းေအာင္း အပူေလာင္ေစတတ္တဲ့ နိုင္လြန္ေဘာင္းဘီမ်ိဳးေတြကို မ၀တ္ပါႏွင့္။ ေ၀ွး ေစ့ဟာ ခႏၶာကိုယ္ဗဟိုခ်က္ အပူခ်ိန္ထက္ပိုျပီး ေအးေနဖို ့လိုအပ္ပါတယ္။ ဒါ့ျပင္ ကပ္ပယ္အိတ္အရည္ခြံဟာ သိပ္ပါးျပီး၊ ထပ္ ဆင့္ထုတ္ေပးတဲ့ အစိပ္အပိုင္းဟာလည္း အျပင္ဖက္မွာရွိေနတာေၾကာင့္ အဂၤါဇာတ္ကို အပူေလာင္ေစတတ္ပါတယ္။

(၆) အခ်ိန္ၾကာၾကာ ထိုင္ျခင္း
ဥပမာ ကားၾကာၾကာေမာင္းႏွင္ျခင္း၊ စားပြဲခံုမွာ အခ်ိန္အၾကာၾကီးထိုင္ျခင္း၊ လႈပ္ရွာမႈနည္း၍ အေညာင္းထိုင္ျခင္းတို ့ကလည္း အမ်ိဳးသားမ်ား သေႏၶေအာင္နိုင္မႈ စြမ္းရည္ကို အဟန္ ့အတားျဖစ္ေစပါတယ္။ ဒါေၾကာင့္ ရက္သတၱ ၁-ပတ္မွာ အနည္းဆံုး ၄-ၾကိမ္ခန္ ့ စက္ဘီးစီး၊ လမ္းသြက္သြက္ေလွ်ာက္၊ အေျပး စတဲ့ ကိုယ္လက္လႈပ္ရွားမႈ ေလ့က်င့္ခန္းေတြ လုပ္ေပးျခင္းအားျဖင့္ ေသြးလည္ ပတ္မႈေကာင္းလာေစျပီး က်န္းမာတဲ့ သုက္ေသြးထုတ္လုပ္မႈကို အေထာက္အပံ့ျဖစ္ေစနိုင္ပါတယ္။

(၇) စိတ္ဖိစီးမႈမ်ားျခင္း
စိတ္ဖိစီးမႈမ်ားလာတဲ့အခါမွာ ခႏၶာကိုယ္က ေကာ္တီေဆာဟိုမုန္းေတြ အလိုအေလ်ာက္စိမ့္ထြက္လာပါတယ္။ ၄င္းဟိုမုန္းေတြက သုက္ေသြးထုတ္လုပ္မႈကို အဟန္ ့အတားျဖစ္ေစပါတယ္။

(၈) ျပည့္၀ဆီေတြ စားသံုးျခင္း
၀က္ဆီ၊ အမဲဆီ၊ ၾကက္ဘဲ အေရခြံ စတဲ့ တရိစၦာန္မွထြက္ရွိတဲ့ အဆီမ်ား ႏွင့္ ထပ္ခါထပ္ခါျပန္ေၾကာ္ထားတဲ့ အဆီမ်ားကို စား သံုးျပီးေနာက္၊ ခႏၶာကို္ယ္ထဲေရာက္သြားတဲ့အခါ ၄င္းအဆီမ်ားက ခဲဆိပ္သတၱဳေတြအျဖစ္ ဓာတ္ေျပာင္းလဲသြားျပီး သေႏၶသားေအာင္ ျခင္းကို ၾကီးစြာေသာ အေႏွာင့္အယွက္ျဖစ္ေစပါေတာ့တယ္။

(၉) သင့္ေလ်ာ္တဲ့အစားအစာမ်ား မွီ၀ဲျခင္း
အထက္ပါ သြားလာေနထိုင္စားေသာက္မႈပံုစံ မွားယြင္းျခင္း၏ ေနာက္ဆက္တြဲျပႆနာအျဖစ္ သုက္ေသြးရဲ ့ ဒီအင္န္ေအ(DNA) ကို ပ်က္စီးေစနိုင္ပါတယ္။ ထိုျပႆနာမွ ၾကိဳတင္ကာကြယ္ထားတဲ့အေနျဖင့္ အမ်ိဳးသားက်န္းမာေရးအတြက္ သင့္ေလ်ာ္တဲ့အစား အစာေတြကို စားေပးသင့္ပါတယ္။
(က) သြပ္ဓာတ္ၾကြယ္၀တဲ့ အစားအစာမ်ားျဖစ္ၾကေသာ အဆီမပါတဲ့ အနီရာင္အသား၊ ဂ်ံဳၾကမ္း၊ ပုစြန္ထုပ္၊ သစ္သီး သစ္ဥ သစ္ဖု၊ အေစ့အဆံ ႏွင့္ ေျမပဲမ်ား
(ခ) ေဖာလစ္အက္ဆစ္ၾကြယ္၀တဲ့ အစားအစာ မ်ားျဖစ္ၾကေသာ အစိမ္းရင့္ေရာင္ ဟင္းသီးဟင္းရြက္မ်ား၊ 
(ဂ) ဓာတ္တိုးဆန္ ့က်င္ပစၥည္းတစ္မ်ိဳးျဖစ္ေသာ ဆီလီနီယမ္ ဓာတ္ၾကြယ္ ၀တဲ့ အစားအစာမ်ားျဖစ္ၾကတဲ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္နီ၊ စပ်စ္သီးမ်ား 
(ဃ) ပရိုတင္းဓာတ္ၾကြယ္၀တဲ့ ၾကက္ဥ အႏွစ္ တို ့ကို စားသံုးပါ။ 
(င) ေဖာ္ျပပါ အစားအစာမ်ားအျပင္ လိုအပ္ပါက ဆရာ၀န္ႏွင့္ တိုင္ပင္၍ ဗီတာမင္စီ၊ ဗီတာမင္ဒီ ႏွင့္ ဗီတာမင္အီး ေဆး၀ါးတို ့ကို ျဖည့္စြက္စာအျဖစ္ ေသာက္ပါ။

(ေဆာင္းပါးရွင္…ေပါက္ေပါက္္..ေရးသားမွ်ေ၀သည္)
အမျိုးသားသန္ဓေအောင်ခြင်းကို ထိခိုက်စေမည့်အကြောင်းများ အမျိုးသားသန္ဓေအောင်ခြင်းကို ထိခိုက်စေမည့်အကြောင်းများ Reviewed by Myanmar channel on 8月 21, 2022 Rating: 5

沒有留言:

技術提供:Blogger.